■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 10 November 2023

Reims - PSG (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက် ည ၁၀:၃၀ နာရီ)

ပုံစံကောင်းရနေတဲ့အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အိမ်ကွင်းအားနဲ့ Reims တို့ PSG ကို ဒုက္ခပေးနိုင်မလားစောင့်ကြည့်ရပါမယ်။ PSG က ကြားရက်ကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာ အေစီမီလန်ကိုရှုံးနိမ့်ခဲ့လို့ ဒီပွဲအပေါ် အာရုံထားနေနိုင်ပြီး နိုင်ပွဲနဲ့အတူ ယုံကြည်မှုပြန်တည်ဆောက်ဖို့ ကြိုးစားမှာ သေချာပါတယ်။ ဒါပေမဲ့ Reims ကလည်း အိမ်ကွင်းခြေစွမ်း မာကျောသလို တိုက်စစ်ကလည်း ဂိုးရအောင်ကစားတတ်လို့ အထလေးတတ်တဲ့ PSG ခံစစ်ရုန်းကန်ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာအတွက်ရော၊ အဆင့် (၁)နေရာအတွက်ပါ အမှတ်လိုနေတဲ့ PSG ကိုပဲ ရွေးထားမယ်။

 

လူအယ်ဗာ - မိုနာကို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် နံနက် ၂:၃၀ နာရီ)

နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး အဆင့် (၇)နေရာ အထိရောက်လာတဲ့ လူအယ်ဗာတို့ အခုပွဲမှာလည်း ချန်ပီယံဆုကိုမျှော်လင့်နေတဲ့ မိုနာကိုအခက်တွေ့စေဦးမှာပါ။ ဒါပေမဲ့ မိုနာကိုကလည်း နိုင်ပွဲတွေခပ်စိပ်စိပ်ပြန်ယူနေပြီး ခြေစွမ်းရော၊ တိုက်စစ်အားပါတည်ငြိမ်နေလို့ လူအယ်ဗာအတွက် အခွင့်အရေးနည်းပါတယ်။ မိုနာကိုပဲနိုင်ပွဲဆက်မယ်။

 

Most Read

Most Recent