အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် Malaysia AIRLINES တို့အကြား Codeshare Partners အဖြစ် ဘန်ကောက်၊ စင်ကာပူ၊ Auckland ၊ Sydney နှင့် Melbourne မြို့များသို့ ခရီးစဉ်များ စတင်ပျံသန်း

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် Malaysia AIRLINES တို့အကြား Codeshare Partners အဖြစ် ဘန်ကောက်၊ စင်ကာပူ၊ Auckland ၊ Sydney နှင့် Melbourne မြို့များသို့ ခရီးစဉ်များ စတင်ပျံသန်း
Published 10 November 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် Malaysia AIRLINES တို့အကြား Codeshare Partners အဖြစ် ဘန်ကောက်၊ စင်ကာပူ၊ Auckland ၊ Sydney နှင့် Melbourne မြို့များသို့ ခရီးစဉ်များ စတင်ပျံသန်းနေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခင်က အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် Malaysia AIRLINES၊ Penang ၊ Langkawi၊ Kota Kinabalu ၊ Sandakan Kuching ၊ Johor Bahru နှင့် Kuala Terengganu စသည့် မြို့များသို့သာ Codeshare Partners အဖြစ်ပျံသန်းနေခြင်းဖြစ်သည်။

ဘန်ကောက်နှင့် စင်ကာပူမှတစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (8M) နှင့် Srilankan Airlines(UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) အနေဖြင့် AIR INDIA , ROYAL BRUNEI AIRLINES,GARUDA INDONESIA ,SRILANKAN AIRLINE စသည့် နိုင်ငံတကာလေကြောင်း လိုင်းငါးခုနှင့်  Codeshare Partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ ခုဖြင့်ပူးပေါင်းထားသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် ရန်ကုန် (RGN)နှင့် အိန္ဒိယနိုင်ငံ ချန်နိုင်း (MAA) မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်များကို ၂၀၂၃ မေ ၆ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ချန်နိုင်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ပျံသန်းသည့်ပထမဆုံးခရီးစဉ်ဖြစ်ပြီး နယူးဒေလီ၊ ကာလကတ္တားနှင့် ဂယာ တို့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်းပျံသန်းသည့်(MAI)၏ စတုတ္တမြောက်ခရီးစဉ်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ရန်ကုန်နှင့် မန္တလေးမှ အပတ်စဉ်တစ်ပတ်လျှင် ငါးကြိမ်ပျံသန်းသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ မြန်မာနိုင်ငံအတွင်း လေ ဆိပ်နှစ်ခုမှပျံသန်းသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းအနေဖြင့်  ထိုင်းနိုင်ငံဘန်ကောက်သို့ အပတ်စဉ် တစ်ပတ်လျှင်လေကြောင်းခရီးစဉ် စုစုပေါင်း  ၄၅ ကြိမ်ဖြင့် ရန်ကုန်-ဘန်ကောက်လေကြောင်း ခရီးစဉ်စျေးကွက်အတွင်း MAI  လေကြောင်းလိုင်း ၏ ရပ်တည်မှုအနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-ဒွန်မောင်းခရီးစဉ်တွင် ခရီးသည်များအနေဖြင့် MAI ၏ လက်ရှိဝန်ဆောင်မှုများနည်းတူ ခရီးဆောင်အိတ် ကီလို ၃၀ သယ်ဆောင်ခွင့်နှင့် လေကြောင်းခရီးစဉ်အတွင်း အခမဲ့ဧည့်ခံကျွေးမွေးမှုများကို အပြည့်အဝ ရရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကာလနောက်ပိုင်း လေကြောင်းပျံသန်းမှုကွန်ရက်ကို တစ်ဟုန်ထိုးတိုးချဲ့ပြေးဆွဲခြင်းသည် ခရီးသည်များအတွက် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံသို့လာရောက်ရာတွင်လည်းကောင်း ရွေးချယ်စရာ ပိုမိုများပြားလာစေရန်နှင့် ခရီးစဉ်များကိုစီစဉ်ရာတွင် ပိုမိုလွယ်ကူချောမွေ့လာစေမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ မြို့များ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများရှိ မြို့ပေါင်း ၂၇ မြို့သို့ A ၃၁၉ လေယာဉ်လေးစင်း၊ A ၃၂၀ လေယာဉ်သုံးစီး၊ E၁၉၀ လေယာဉ်သုံးစင်းဖြင့် ပျံသန်းနေခြင်းဖြစ်သည်။

Most Read

Most Recent