မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရုရှားဘက်က Evrofinance Mosnarbank ကို ရွေးချယ်ထားပြီး ဗဟိုဘဏ်က ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်နှင့် ဆောင်ရွက်မည်

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရုရှားဘက်က Evrofinance Mosnarbank ကို ရွေးချယ်ထားပြီး ဗဟိုဘဏ်က ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်နှင့် ဆောင်ရွက်မည်
Published 8 November 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Ros- Congress Investments)မှ ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံစဉ်

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရုရှား ဘက်က Evrofinance Mosnarbank ကို ရွေးချယ်ထားပြီး ဗဟိုဘဏ်က ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်နှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(Ros- Congress Investments Fund)မှ ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနှင့် ကုန်စည်များ(သို့မဟုတ်) ငွေကြေးပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သော ကုန်စည်များချိတ်ဆက်၍ ငွေကြေးတန်ဖိုး သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေး အသုံးပြုမှုကို မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးနိုင်ငံများ၏ ကုန်သွယ်မှုအပေါ်မူတည်၍ ကုန်စည်များအစုအဖွဲ့(Commodities Basket)ကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာ ရရန်ပိုင်ခွင့် (Digital Financial Asset) တစ်ခုသတ်မှတ်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက် သွားနိုင်ရေးအတွက် နှစ်ဖက်ပူးတွဲလုပ်ငန်းအဖွဲ့က ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က ရွေးချယ်ထားသည့် Evrofinance Mosnarbank နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ရွေးချယ်မည့် နိုင်ငံပိုင်/ပုဂ္ဂလိက ဘဏ်များမှ ဆက်လက်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုကိစ္စရပ်များ ဆောင်ရွက်သွား နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အထက်လွှတ်တော်အမတ်၊ Evrofinance Mosnarbank ၏ ဥက္ကဋ္ဌ၊ ငွေ ရေးကြေးရေးဆိုင်ရာ နည်းလမ်းများ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း၏ သုတေသနအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင် ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent