မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ကူမင်း-ရန်ကုန်ခရီးစဉ်သစ်အား နိုဝင်ဘာ ၅ ရက်မှ စတင်ကာ တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ကူမင်း-ရန်ကုန်ခရီးစဉ်သစ်အား နိုဝင်ဘာ ၅ ရက်မှ စတင်ကာ တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်
Published 7 November 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ကူမင်း-ရန်ကုန်ခရီးစဉ်သစ်အား နိုဝင်ဘာ ၅ ရက်မှစတင်ကာ တနင်္လာ၊  သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးစဉ်သစ် စတင်ပျံ သန်းသည့် အထိမ်းအမှတ် ဖဲကြိုးဖြတ် အခမ်းအနားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ကျင်းပခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုဝင်ဘာ ၄ရက်မှစတင်ကာ ရန်ကုန်-မြိတ်-ရန်ကုန်လေကြောင်းခရီးစဉ်အား Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်းခဲ့သည်။

အဆိုပါ ရန်ကုန်-မြိတ်-ရန်ကုန်ခရီးစဉ်အား အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မှကူမင်းမြို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်အား Boeing-400 Freigther လေယာဉ်ဖြင့် နိုဝင်ဘာ ၃ ရက်တွင် စတင်ပျံသန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ကိုလ်ကတ္တား၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်ကာပူမြို့များသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များအား စက်တင်ဘာ ၂၈ ရက်မှစတင်ကာ ပျံသန်းနေခြင်းဖြစ်သည်။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များအနေဖြင့် ရန်ကုန်-ကိုလ်ကတ္တား-ရန်ကုန် ခရီးစဉ်ကို စက်တင်ဘာ ၂၈ ရက်နှင့် အောက်တိုဘာ ၄ ရက်နေ့များ တွင်လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်- ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ရန်ကုန်-စင်ကာ ပူ-ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ အပတ်စဉ် သောကြာနေ့များတွင်လည်းကောင်း ပျံသန်းခဲ့ခြင်းဖြစ်သည်။

ကုန်တင်လေယာဉ်ခရီးစဉ်နှင့်ပတ်သက်သော အချက်အလက်များကို Logi Plus သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS(Flight No.3G087) Cargo လေယာဉ်အား ရန်ကုန်မြို့သို့ စတင်သယ်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

9M-POS(Flight No.3G087) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ထွက်ခွာခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၅ ရက် နေ့လည် ၂ နာရီတွင် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်လေယာဉ်သည် တန်ချိန်အားဖြင့် ၁၈တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍ မရနိုင်သော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါ Cargo လေယာဉ်ဖြင့် ရန်ကုန်မြို့မှ အခြေပြု၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်းရှိမြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်တင်ခရီးစဉ်များ ကူးသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent