ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံအစိုးရ တိုက်တွန်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံအစိုးရ တိုက်တွန်း
Published 2 November 2023
Ref:AFP

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အပစ်အခတ်ရပ်စဲရန် နိုဝင်ဘာ ၂ ရက်တွင် တရုတ်နိုင်ငံအစိုးရက တိုက်တွန်းလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တရုတ်နယ်စပ်ရှိ မြို့သုံးမြို့ကို လက်လွှတ်ခဲ့ရကြောင်း မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ချက်ချင်း အပစ်ရပ်ဖို့နဲ့ တိုက်ပွဲတွေ ရပ်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးကို တရုတ်က တိုက်တွန်းပါတယ် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များသည် မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းတို့ကို အသုံးပြု၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းကြရန် တရုတ်အစိုးရက တိုက်တွန်းကြောင်း ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက အောက်တိုဘာ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်လည်း အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့ရာ ယခုပြောဆိုမှုမှာ ဒုတိယအကြိမ်ဖြစ်သည်။

 

 

Most Read

Most Recent