ကော့သောင်းမြို့မှ ရေမိုင် ၁၅၇ မိုင်ခန့် အကွာတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁၀၄ ဘီလျံ တန်ဖိုးရှိ ICE  ​မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကော့သောင်းမြို့မှ ရေမိုင် ၁၅၇ မိုင်ခန့် အကွာတွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁၀၄ ဘီလျံ တန်ဖိုးရှိ ICE  ​မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 2 November 2023

ကော့သောင်းမြို့မှ ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလျံတန်ဖိုးရှိ ICE  မူးယစ်ဆေးဝါး အများအပြား အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တို ဘာ ၃၀ ရက်နေ့က မူးယစ်ဆေးဝါးများအား ပင်လယ်ရေလမ်းကြောင်းကိုအသုံးပြု ကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့်သတင်းအရ မြန်မာ့တပ်မတော်(ရေ)မှ  ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ  မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းလာသည့်  စက်လှေ ၁ စီးပေါ်တွင်ICE ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်းဖိုး ငွေကျပ် ၁၀၄ ဘီလျံခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရ သည်၊

"ပင်လယ်ထဲမှာမူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတွေကြားရပါတယ်၊တပ်မတော် ( ရေ) က ဇာဒက်ကြီး ကျွန်းကနေတဆင့် တရားခံတွေနှင့် မူးယစ်ဆေးဝါးတွေ ကို လာရောက်လွဲပြောင်း အပ်နှံမယ်လို့ကြားရတယ်၊ICE မူးယစ် ဆေးဝါးတွေက မလေးရှားဘက်ကိုရေလမ်းကနေသယ်ကြတာ အရင်လည်း အဲလိုဖမ်းမိတဲ့သတင်းတွေ မကြာခနကြားရတယ်"လို့ ကော့သောင်းမြို့မှ ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

စက်လှေပေါ်တွင်မူးယစ်ဆေးဝါးများနှင့်အတူ မင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့အား GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်းဖိုး ငွေကျပ် ၁၀၄ ဘီလျံခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးတာဝန်ရှိသူများကစစ်ဆေးရာ တရားခံပြေး ညီညီ သည် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေ လမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအား မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိ ပါက တရားခံပြေး ညီညီ ချိတ်ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း တွက်ဆိုခဲ့သည်ဟု သိရသည်။

Most Read

Most Recent