မြန်မာကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌတို့ ပေကျင်းမြို့တွင် တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးဆွေးနွေး

မြန်မာကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌတို့ ပေကျင်းမြို့တွင် တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးဆွေးနွေး
Published 30 October 2023

တရုတ်ဗဟိုစစ်ရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ကျောင်ယို့ရှာသည် အောက်တိုဘာ ၂၉ ရက်က ပေကျင်းမြို့တွင် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်တွေ့ဆုံခဲ့ကြပြီး နယ်စပ်ဒေသ တည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးဆွေးနွေးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် Beijing Xiangshan ဖိုရမ် ကိုတက်ရောက်ရန် ပေကျင်းမြို့ကို ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါဖိုရမ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုနှင့်တွေ့ဆုံရာတွင် ကျောင်ယို့ရှာက တရုတ်-မြန်မာ ပေါက်ဖော်ဆက်ဆံရေးသည် ယခင်ထက် ပိုမိုခိုင်မာလာသည်ဟု ပြောကြားခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးအတွက် တရုတ်က မြန်မာနိုင်ငံကို ပံ့ပိုးပေးမည်ဟု ကျောင်ယို့ရှာက ပြောကြားခဲ့ပြီး နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားရန်မျှော်လင့်သည်ဟု တရုတ်ဗဟိုစစ်ရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ကျောင်ယို့ရှာက ဖြည့်စွက်ပြောကြားသည်။

တရုတ်ဘက်က မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ၎င်းက ပြောကြားခဲ့ပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်ကို အားကောင်းအောင်လုပ်ဆောင်ရေးနှင့် မြန်မာ့တပ်မတော်နှင့် အဆင့်မြင့်ဆက်ဆံရေးများကို ထိန်းထားရေးတို့ကို လုပ်ဆောင်ရန် အသင့်ဖြစ်နေသည်ဟု ဆိုသည်။

မြန်မာဘက်ကလည်း နှစ်နိုင်ငံစစ်တပ်ချင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် တရုတ်စစ်တပ်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားလိုသည်ဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းထားရန်နှစ် နိုင်ငံဆက်ဆံရေး နှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ခုတို့၏ ဆက်ဆံရေးတို့ ဖွံ့ဖြိုးစေရန်ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့သည်။

Ref:CCTV         

Most Read

Most Recent