နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure Card များ ဖြည့်စွက်ရမည်

နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure Card များ ဖြည့်စွက်ရမည်
Published 30 October 2023

နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure Card များအား ဖြည့်စွက်ရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွားစာရွက်စာတမ်းအပြည့်အစုံ ယူဆောင်လာရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး ဆိုက်ရောက်နှင့် ထွက်ခွာပုံစံများကို မဖြစ်မနေဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်မှာ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card (ထွက်ခွာပုံစံ) နှင့် မန္တလေးမှ ရန်ကုန်သို့ ဆိုက်ရောက်ခရီးသည်များအနေဖြင့် Arrival Card (ဆိုက်ရောက်ပုံစံ) များအား ဖြည့်စွက်ရမည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ကျောင်းသူကျောင်းသားများနှင့် သင်္ဘောသားများအတွက် လေယာဉ်လက်မှတ်များကို အထူးအစီအစဉ်အနေဖြင့် စျေးအသက်သာဆုံးနှုန်းထားနှင့်ရောင်းချပေးမည့်အပြင် 40kg သယ်ဆောင်ခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်အမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် စင်ကာပူနှင့် ဘန်ကောက်လေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့် ကျောင်းသူကျောင်းသားများနှင့် သင်္ဘောသားများအတွက် လေယာဉ်လက်မှတ်များကို စျေးအသက်သာဆုံးနှုန်းထားနှင့် ရောင်းချပေးသွားမည်ဖြစ်ရာ လက်မှတ်ဝယ်ယူမည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းကောင်တာများတွင် ID Card ပြသ၍ ဝယ်ယူနိုင်မည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ဂါယာဘုရားဖူး ရာသီအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဂါယာ-ရန်ကုန် လေယာဉ်စင်းလုံးငှားခရီးစဉ်အား အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည် စတင်ပျံသန်းခဲ့သည်။

Most Read

Most Recent