အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်သားများကို အကာအကွယ်ပေးရန် အမေရိကန်က ဒုံးခွင်းဒုံးစနစ်များ အမြန်ချထားမည်

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်သားများကို အကာအကွယ်ပေးရန် အမေရိကန်က ဒုံးခွင်းဒုံးစနစ်များ အမြန်ချထားမည်
Published 26 October 2023

အမေရိကန်က အရှေ့အလယ်ပိုင်းရှိ ၎င်း၏တပ်ဖွဲ့များကို အကာအကွယ်ပေးရန် ယင်းဒေသတွင် ဒုံးခွင်းဒုံးစနစ်များအမြန်ချထားမည်ဟု အောက်တိုဘာ ၂၅ ရက်တွင် ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏တပ်ဖွဲ့များကို အကာအအကွယ်ပေးရန်ဒုံးခွင်းဒုံးစနစ်များ အလျင်အမြန်ချထားနိုင်ရေးအတွက် အစ္စရေးက ဂါဇာကို အကြီးစားမြေပြင်စစ်ဆင်ရေး လုပ်ဆောင်မှုအားအချိန် ရွှေ့ဆိုင်းထားရန် သဘောတူထားကြောင်းဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။ သို့ရာတွင် အစ္စရေးတပ်ဖွဲ့ များသည် အောက်တိုဘာ ၂၆ ရက်တွင် ဂါဇာမြောက် ပိုင်းကိုဝင်ရောက်ခဲ့ပြီးနောက်ပြန်လည် ဆုတ် ခွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။

ဒေသတွင်း၌ အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် အမေရိကန်ကဝေဟင် ကာကွယ်ရေးစနစ်များ ချထားပြီးချိန်အထိ မြေပြင်စစ်ဆင်ရေးကို အစ္စရေးအချိန်ဆွဲထားစေရန် အမေရိကန်တာဝန်ရှိသူများက ပြော ကြားထားသည်ဟု ဝေါစထရိဂျာနယ်က ဖော်ပြထားသည်။

အစ္စရေးသည် ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးရေးကို ဆောင်ရွက်ရန်စဉ်းစားလျက်ရှိပြီး တစ်ဖက်တွင်လည်း ဟားမာ့စ်ထိန်းသိမ်းထားသောဓားစာခံများ လွတ်မြောက်ရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုများကို လုပ်ဆောင်နေသည်ဟု ဝေါစထရိက ဆက်လက်ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့များအပေါ် ခြိမ်းခြောက်မှုများသည် အဓိကစိုးရိမ်စရာဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သည် အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ယူအေအီးတို့တွင် တာဝန်ထမ်းဆောင်နေသော ၎င်း၏စစ်သားများအတွက် လေကြောင်းကာကွယ်ရေးစနစ်များချထားခြင်း အပါအဝင် ဝေဟင်ကာကွယ်ရေးစနစ် တစ်ဒါဇင်နီးပါးကို ချထားမည်ဖြစ်သည်။

ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကို အစ္စရေးက မြေပြင်ကျူးကျော်မှုလုပ်မည်ဆိုပါက အမေရိကန်တပ်ဖွဲ့များကို စစ်သွေးကြွ အုပ်စုများက ပစ်မှတ်ထားလာလိမ့်မည်ဟု အမေရိကန်စစ်ဘက်တာဝန်ရှိသူများနှင့် အခြားတာဝန်ရှိသူများက ယုံကြည်ထားကြသည်။                                              

Ref: AFP

Most Read

Most Recent