ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းများအား နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ဆောင်ရွက်မည်

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းများအား နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ဆောင်ရွက်မည်
Published 26 October 2023

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းများအား နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလေ့ကျင့်ခန်းများ ဆောင်ရွက်မည့် ဧရိယာမှ ၅ မိုင်ပတ်လည်တွင် သင်္ဘောများ ဖြန်သန်းသွားလာခြင်း၊ အမြင့်ပေ(၁၅၀၀၀)အောက် လေယာဉ်၊ ရဟတ်ယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B အဖြစ် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C အဖြစ် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D အဖြစ် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းများ ဆောင်ရွက်စဉ်ကာလအတွင်း အဆိုပါဧရိယာမှ (၅)မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြန်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် နစကမှ အသိပေးကြေညာထားသည်။

Most Read

Most Recent