၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို နှိပ်စက်သည်ဟုဆိုသော တာမွေမြို့နယ်မှ လင်မယားနှစ်ဦးအား ထန်းတပင်မြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးမှာ ထန်းတပင်မြို့နယ် လက်ပံကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် တာမွေမြို့နယ် ရာပြည့်ဘုရားအနီးရှိ နေအိမ်တစ်အိမ်တွင် တစ်လလျှင် ငွေကျပ်သုံးသောင်းဖြင့် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သော မ.....(၁၄ နှစ်) မှာ ဒီဇင်ဘာ ၇ ရက်တွင် လက်ပံကုန်းကျေးရွာရှိ နေအိမ်သို့ ပြန်လာခဲ့သဖြင့် မိခင်ဖြစ်သူက မေးမြန်းရာ အိမ်ရှင်လင်မယား ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို သိရှိခဲ့ရပြီး အဆိုပါ အိမ်ရှင်လင်မယားကို ထန်းတပင်မြို့မ ရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ညှဉ်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးငယ်၏ ပေါင်တွင် အပ်ထိုးစိုက်ထားသည့် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း ရဲတာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ထန်းတပင်ဆေးရုံ၌ အပ်ကို ခွဲထုတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုင်တန်းမှုကို ထန်းတပင်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၈/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး တိုင်တန်းခံရသည့် အိမ်ရှင်လင်မယားကို ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးကာ အမှုတည်ဆောက်ကာ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို နှိပ်စက်သည်ဟုဆိုသော တာမွေမြို့နယ်နေ လင်မယားနှစ်ဦးအား ထန်းတပင်မြို့မ ရဲစခန်းက ဖမ်းဆီးအမှုဖွင့်