အာဘေးက ပုလဲဆိပ်ကမ်းသို့သွားမည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်

အာဘေးက ပုလဲဆိပ်ကမ်းသို့သွားမည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်
Published 5 December 2016

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုလအတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဟာဝိုင်ယီသို့ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့သည်။ ထိုခရီးစဉ်အတွင်း အာဘေးသည် ပုလဲဆိပ်ကမ်းသို့ သွားရောက်သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဂျပန်တို့သည် ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဗုံးကြဲခဲ့ကာ ပစိဖိတ်ဒေသ၌ ဒုတိယကမ္ဘာစစ်ကို အစပြုခဲ့သည်။ ထိုပုလဲဆိပ်ကမ်းသို့ အာဘေးက ဒီဇင်ဘာ ၂၆၊ ၂၇ ရက် ဟာဝိုင်ယီခရီး စဉ်အတွင်း သွားရောက်မည်ဖြစ်သည်။ အိုဘားမားသည် မေလက ၎င်း၏ ဂျပန်ခရီးစဉ် အတွင်း အမေရိကန်တို့ အနုမြူဗုံးကြဲခဲ့သည့် ဟီရိုရှီးမားမြို့သို့ သွားရောက်ခဲ့ပြီးနောက် အာဘေး၏ ဟာဝိုင်ယီခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အိုဘားမား၏ ဟီရိုရှိးမားခရီးစဉ် ပြီးကတည်းက အာဘေးသည် အပြန်အလှန်အနေနှင့် ပုလဲဆိပ်ကမ်းသို့ သွားရောက်နိုင်ကြောင်း ထင်ကြေးများ မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။ Ref ; AFP             

Most Read

Most Recent