ရှေးဟောင်း အိန္ဒိယ အတွေးအခေါ်ဖြစ်သည့် ယောဂအား ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ် စာရင်းသွင်း

ရှေးဟောင်း အိန္ဒိယ အတွေးအခေါ်ဖြစ်သည့် ယောဂအား ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ် စာရင်းသွင်း
၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်က အိန္ဒိယတွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်မှုတွင် ပါဝင်နေသူများ (Photo: AFP)
၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်က အိန္ဒိယတွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်မှုတွင် ပါဝင်နေသူများ (Photo: AFP)
Published 4 December 2016
Ref: AFP

ယခုအခါကမ္ဘာတစ်လွှား လေ့ကျင့် လိုက်စားနေကြသော စိတ်-ခန္ဓာ ကျင့်စဉ်ဟုဆိုရမည့် ယောဂ၏ နောက်ကွယ်မှ ရှေးဟောင်းအိန္ဒိယ အတွေးအခေါ်အား ကုလသမဂ္ဂသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ဒြပ်မဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဒီဇင်ဘာ ၁ ရက်က ထည့်သွင်းလိုက်သည်။
ကျန်းမာရေးနှင့်ဆေးပညာမှသည် ပညာရေးနှင့်အနုပညာအထိ  အိန္ဒိယ လူ့အဖွဲ့အစည်းအပေါ် သြဇာကြီးမားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ဒြပ်ကြီးသည့် စာရင်း၌ ထည့်သွင်းရခြင်းဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တစ်ဦးချင်း ‘ကိုယ်တိုင်အမှန် သိမြင်ခြင်း’ ကို တည်ဆောက်ရေးအတွက် ကူညီခြင်း၊ သူတို့ကြုံတွေ့ရနိုင်သည့် ဒုက္ခမှန်သမျှကို သက်သာစေခြင်း၊ လွတ်မြောက်စေသည့် အခြေအနေကို ဖန်တီးခြင်းတို့အတွက် ယောဂကို ကျားမ၊ အဆင့်အတန်းနှင့် ဘာသာတရား မခွဲခြားဘဲ လူကြီးလူငယ်မရွေး လေ့ကျင့်နေကြကြောင်း ယူနက်စကိုက Twitter ၌ ဖော်ပြခဲ့သည်။
အဆိုပါ အကောင်အထည် မပြနိုင်သည့် အတွေးအခေါ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမ ှုအမွေအနှစ်များစာရင်းကို လွန်ခဲ့သည့် ၁၀ နှစ်က စတင်ဖန်တီးခဲ့ပြီး အဓိကအားဖြင့် ထိုအကြောင်းအရာများအပေါ် အာရုံစိုက်မှု တိုးပွားစေရန်ဖြစ်ကာ ထိုအရာများအား အကာအကွယ်ပေးရန် ရုန်းကန်နေရသည့် နိုင်ငံများအား ယူနက်စကိုက ရံဖန်ရံခါ ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးနေသည်။
ပါရီအခြေစိုက် ယူနက်စကို၏ အစည်းအဝေးကို အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာ၌ နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး ကျူးဘား ရမ်ဘာအက၊ ဘယ်လ်ဂျီယံဘီ ယာယဉ်ကျေးမှု၊ မြေထဲပင်လယ်ဒေသ အစားအစာ၊ ပီကင်းအော်ပရာ နှင့် ပီရူး  Scissors အကတို့ကိုလည်း ထိုစာရင်း၌ ထည့်သွင်းခဲ့သည်။
ယူနက်စကိုသည် ယဉ်ကျေးမှုနှင့် ကမ္ဘာ့ သဘာဝအမွေအနှစ်များ စာရင်းကို ၁၉၇၂ မှ စတင်စုဆောင်း ပြုစုခဲ့ပြီး ဒြပ်ရှိ ရုပ်ဝတ္ထုအဆောက်အအုံ ယဉ်ကျေးမှုများအနေဖြင့်  ကမ္ဘောဒီးယားမှ အင်ကာဝပ် စသည်တို့ ပါဝင်သည်။ ယခုအခါ ထိုစာရင်း၌ ယဉ်ကျေးမှုဆိုင်ရာ ၈၁၄ နေရာ၊ သဘာဝဆိုင်ရာ ၂၀၃ နေရာနှင့် သြစတြေးလျမှ  အူလူယူအမျိုးသား ပန်းခြံကဲ့သို့သော သဘာဝနှင့်ယဉ်ကျေးမှု အရည်အသွေးနှစ်မျိုးစလုံး ရှိသည့်နေရာ ၃၅ နေရာတို့ ပါဝင်သည်။

Most Read

Most Recent