အိန္ဒိယတွင် ငွေစက္ကူများ ဖျက်သိမ်းခြင်းအပေါ် လူထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြ

အိန္ဒိယတွင် ငွေစက္ကူများ ဖျက်သိမ်းခြင်းအပေါ် လူထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြ
နိုဝင်ဘာ ၂၈ ရက်က ဆန္ဒပြမှုများဖြစ်ပေါ်နေစဉ် အိန္ဒိယဗဟိုဘဏ်ရှေ့၌  စောင့်နေကြသော လူတန်းရှည်ကြီးကို တွေ့ရစဉ် (Photo: AFP)
နိုဝင်ဘာ ၂၈ ရက်က ဆန္ဒပြမှုများဖြစ်ပေါ်နေစဉ် အိန္ဒိယဗဟိုဘဏ်ရှေ့၌ စောင့်နေကြသော လူတန်းရှည်ကြီးကို တွေ့ရစဉ် (Photo: AFP)
Published 28 November 2016
Ref: AFP

အိန္ဒိယတွင် တန်ဖိုးမြင့် ငွေကြေးများကို ဖျက်သိမ်းလိုက်သည့် အငြင်းပွားစရာ လုပ်ရပ်အပေါ် နိုဝင်ဘာ ၂၈ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ အတိုက်အခံပါတီမှ ဆန္ဒပြပွဲ စီစဉ်သူများက ယင်းကဲ့သို့ ဖျက်သိမ်းခြင်းသည် ငွေကြေးကဏ္ဍတွင် အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေသည်ဟု ဆိုကြသည်။
အစိုးရသည် လွန်ခဲ့သည့် သီတင်းသုံးပတ်ကျော်က နိုင်ငံ့ငွေကြေးလည်ပတ်မှု၏ ၈၆ ရာခိုင်နှုန်းရှိသော တန်ဖိုးကြီး ငွေစက္ကူများကို ညတွင်းချင်း ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့်အတွက် နိုင်ငံထဲတွင် ဆိုးဆိုးရွားရွား ငွေကြေးပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး ပြည်သူများမှာ ယခုတိုင် ချာချာလည်နေကြဆဲဖြစ်သည်။
အနောက်ဘင်ဂေါ ပြည်နယ်၏ မြို့တော်ဖြစ်သော ကိုလ်ကတ္တားတွင် လူပေါင်း ၂၅၀၀၀ ဝန်းကျင်ပါဝင်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အနောက်ဘင်ဂေါမှ လက်ဝဲယိမ်း ပြည်နယ် ဝန်ကြီးချုပ ်မာမတာဘင်နာဂျီက ငွေကြေးပိတ်ပင်မှုများ ဆက်လက်ရှိနေပါက အဓိကရုဏ်းများ ပျံ့နှံ့လာလိမ့်မည်ဟု သတိပေးခဲ့သည်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ကုန်သွယ်ရေး ဗဟိုချက်မြို့ မွမ်ဘိုင်း၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင်မူ လူ ၆၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ရဲများက ပြောကြားခဲ့သည်။
သို့သော် ချမ်းသာသူများ၏ အခွန်ရှောင်မှုများကို ဖော်ထုတ်ရန် တွန်းအားဖြစ်စေပါက သာမန် အိန္ဒိယပြည်သူ အများအပြားသည် အစိုးရ၏ ယခုအစီအစဉ်ကို ထောက်ခံသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ပြုလုပ်ရန် ဆော်သြမှုများကို လိုက်နာသည့် ပြည်နယ်အရေအတွက်မှာ လက်တစ်ဆုပ်စာခန့်သာ ရှိခဲ့သည်။ ဖျက်သိမ်းလိုက်သော ရူပီး ၅၀၀ နှင့် ၁၀၀၀ တန်တို့ကို ပိုင်ဆိုင်ထားသူများသည် ယခုနှစ်ကုန်အချိန်အထိ ထိုငွေများကို ဘဏ်များ၌ ပြန်လည်အပ်နှံခြင်း သို့မဟုတ် ပမာဏအနည်းငယ်ကို ငွေစက္ကူအသစ်များဖြင့် ပြန်လည် လဲလှယ်ခြင်းတို့ လုပ်ဆောင်နိုင်သည်။

Most Read

Most Recent