ကျူဘားသမ္မတဟောင်း ဖီဒယ်ကက်စထရို ကွယ်လွန်

ကျူဘားသမ္မတဟောင်း ဖီဒယ်ကက်စထရို ကွယ်လွန်
Published 26 November 2016
Ref: AFP

ကျူဘားသမ္မတဟောင်းနှင့် ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရိုသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ကျူဘားသမ္မတ ရာအူးလ်ကက်စထရိုက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ဖီဒယ်ကက်စထရိုသည် တစ်ပါတီစနစ် ကျင့်သုံးခဲ့သည့် ကျူဘားနိုင်ငံကို နှစ်ပေါင်း ၅၀ ခန့်အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ တွင် ညီဖြစ်သူ ရာအူးလ်ကက်စထရိုအား အာဏာလွှဲပေးခဲ့ခြင်း ဖြစ်သည်။ကျူဘားနိုင်ငံကို ပြည်သူတွေထံ ပြန်ပေးခဲ့သူအဖြစ် ထိုအချိန်က ကျူဘားပြည်သူတွေက ချီးကျူးခဲ့ကြပြီး အတိုက်အခံတွေကို အပြင်းအထန် ဖိနှိပ်ခဲ့သူအဖြစ် ၎င်း၏ပြိုင်ဘက်တွေက ဝေဖန်ခဲ့ကြသည်။ ကက်စထရိုသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ကျူဘားကွန်မြူနစ်ပါတီကွန်ဂရက် နောက်ဆုံးနေ့တွင် ရှားရှားပါးပါး မိန့်ခွန်းပြောကြားခဲ့သည်။ကျူဘားတော်လှန်ရေး၏ စစ်သေနာပတိဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၂၉ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သမ္မတရာအူးလ်ကက်စထရိုက ကြေညာခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်၏ ရုပ်ကြွင်းအား ဒေသစံတော်ချိန် စနေနေ့နံနက်အစောပိုင်းတွင် သေဆုံးသူ၏ဆန္ဒအရ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း ၂၀၀၆ တွင် အစ်ကိုကက်စထရို ဆေးရုံတက်ခဲ့ရပြီးနောက် ၂၀၀၈ တွင်နိုင်ငံ၏ အာဏာကို လွှဲပြောင်းယူခဲ့သည့် ရာအူးလ်ကက်စထရိုက ပြောကြားခဲ့သည်။ 

Most Read

Most Recent