သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသော အချုပ်သားသေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူ လှိုင်ဝင်းထွန်းပါ ခုနစ်ဦးအား နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် သထုံခရိုင်တရားသူကြီး ဒေါ်ဖြူဖြူသွယ်က အလုပ်နှင့် ထောင်ဒဏ် ရှစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မှာ ကိုလှိုင်ဝင်းထွန်းပါ ခုနစ်ဦးစလုံးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ (လူသေမှု) နဲ့ တစ်ယောက်ကို အလုပ်နှင့် ထောင်ဒဏ် ရှစ်နှစ်စီ ကျခံစေရန် သထုံခရိုင်တရားသူကြီး ဒေါ်ဖြူဖြူ သွယ်က အမိန့်ချမှတ်ခဲ့ပါတယ်” ဟု သထုံခရိုင်ဥပဒေအရာရှိ ဦးတင်မောင်က ပြောကြားသည်။
သထုံမြို့မရဲစခန်းတွင် သေဆုံးသွားသူမှာ (ပ) ၉၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀ ဖြင့် ချုပ်နှောင်ခံထားရသူ ကျော်သက်အောင် (၃၂ နှစ်) (ဘ) ဦးအောင်မြင့်စိန် ဆိုသူဖြစ်ပြီး မတ် ၂ ရက်က သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သော ကျပ် ၁၁၃၆၀၇၀၀ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ချုပ်နှောင်ခံရသူ တည်းခိုခန်းမန်နေဂျာဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ချုပ်နှောင်ခံထားရသူ ကျော်သက်အောင် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သထုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၆) ဖြင့် ဖွင့်လှစ်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးဦးစီးအဖွဲ့က စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးစာပြန်ကြားချက်များအရ သေဆုံးရသည့်အကြောင်းရင်းမှာ အသည်းပေါက်ပြဲဒဏ်ရာကြောင့် ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်ကာ သွေးထွက်လွန်ပြီး သေဆုံးရခြင်း ဖြစ်ကြောင်း၊ ရရှိသော ဒဏ်ရာမှာ ပြင်းထန်ဒဏ်ရာ၊ တုံးသော အရာဝတ္ထုဟု ပြန်ကြားချက်အရ အမှုအားစစ်ဆေးသည့်အဖွဲ့ဖြစ်သော သထုံခရိုင် မှုခင်းအကူဌာနမှ လ-၂၂၀၅၉၁ ဒုရဲအုပ်လှိုင်ဝင်းထွန်း၊ လ-၁၁၆၉၂၄ ရဲတပ်ကြပ်ကြီး ဉာဏ်စိုး၊ လ-၁၀၉၁၂၇ ရဲတပ်ကြပ် ကိုကိုဆွေ၊ လ- ၁၄၈၂၆၉ ရဲတပ်ကြပ် ဝင်းညွန့်၊ လ-၁၄၈၅၁၆ ရဲတပ်ကြပ် စိုးအောင်၊ လ-၁၂၄၃၁၄ ရဲတပ်ကြပ် အောင်ကိုလတ် သထုံမြို့မရဲစခန်းမှ လ-၁၂၄၃၅၀ ရဲတပ်ကြပ် တင်ထွေးတို့၏ ပြုလုပ်မှု ပယောဂကြောင့် သေဆုံးရသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ဒုရဲအုပ်လှိုင်ဝင်းထွန်းနှင့် အဖွဲ့အား သထုံမြို့မရဲစခန်းမှ ဒုရဲမှူး ထွန်းသိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် သထုံမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၆) အား (ပ) ၁၅၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂/၁၁၄ အမှုကြီး အမှတ်စဉ် (၃/၂၀၁၆) ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့သည်။ အဆိုပါအမှုအား သထုံခရိုင်တရားရုံးတွင် အမှုကြီးအမှတ်စဉ် (၁၆/၂၀၁၆) ဖြင့် ဧပြီ ၂၅ ရက်မှ စတင်ပြီး အမှုအား စစ်ဆေးလျက်ရှိကြောင်း၊ ဇွန ်၃ ရက်က ပြုလုပ်သည့် ကိုးကြိမ်မြောက် ရုံးချိန်းတွင် ဒုရဲအုပ်လှိုင်ဝင်းထွန်းပါ ခုနစ်ဦးအဖွဲ့အား ပုဒ်မ ၃၀၂ (၂) ဖြင့် သထုံခရိုင် တရားရုံးမှ စွဲချက်တင်ထားခဲ့ပြီး နိုဝင်ဘာ ၂၃ ရက် ၃၁ ကြိမ်မြောက် ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄ (လူသေမှု) ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသောအချုပ်သား တည်းခိုခန်းမန်နေဂျာ သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူ လှိုင်ဝင်းထွန်းပါ ခုနစ်ဦးအား သထုံခရိုင်တရားသူကြီးက အလုပ်နှင့် ထောင်ဒဏ်ရှစ်နှစ်စီ အမိန့်ချ