ဦးဝင်းထိန် လက်မှတ်အတုနှင့် NLD ပါတီ တံဆိပ်တုံး အတုပြုလုပ်သည်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆို ခံထားရသူ ကိုဖိုးထောင်အမှုတွင် နိုဝင်ဘာ ၂၃ ရက်က တရားလိုပြသက်သေအား စတင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဖိုးထောင်၏ ဇနီးဖြစ်သူ မနုနုထား က“ဒီနေ့ကတော့ တရားလိုပြသက်သေကို စပြီး စစ်တာပါ။ လာမယ့် ရုံးချိန်းမှာ ဦးဝင်းထိန်ကို တရားလိုပြသက်သေ အနေနဲ့ စစ်သွားမယ်လို့တော့ သူများဆီက သိရတယ်”ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ကျန်းမာရေးအရ ပါတီမှ အနားယူခွင့်ပြုပါရန် ဆိုသည့် ဦးဝင်းထိန်၏ လက်မှတ်အတုပါ စာနှင့် ပါတီမှ ဦးဝင်းထိန်အား နုတ်ထွက်ခွင့်ပြုသည့် ပါတီတံဆိပ်ပါ စာများအား စက်တင်ဘာလက လူမှုကွန်ရက်တွင် တင်ခဲ့သည်ဟုဆိုကာ မုံရွာမြို့နေ ကိုဖိုးထောင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ကိုဖိုးထောင်အား အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ အပါအဝင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း အမှတ်(၁) မြို့မရဲစခန်းမှ သိရသည်။
ကိုဖိုးထောင်အား အထက်ပါ ပုဒ်မများဖြင့် ဦးဝင်းထိန်၏ ကိုယ်စား ဦးသန့်ဇင်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းတွင် အမှုဖွင့်ကာ တရားလိုပြုလုပ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဦးသန့်ဇင်က “နောက်တစ်ပတ်မှာ ဘယ်သူ့ကို စစ်မယ်ဆိုတာတော့ မသိဘူး။ အဲဒီအမှုအတွက် သက်သေကတော့ လေးယောက် တင်ထားတယ်။ ကျန်တဲ့အမှု နှစ်ခုကတော့ တရားရုံးကို မတင်ထားသေးဘူး”ဟု ပြောကြားသည်။
ယင်းကဲ့သို့ တရားစွဲဆိုပြီးနောက် ကိုဖိုးထောင်အား အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီက သက်ဆိုင်ရာမှ ဖမ်းဆီးသွားခဲ့ကြောင်း ၎င်း၏ ဇနီးဖြစ်သူ မနုနုထား၏ ပြောကြားချက်အရ သိရသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ကိုဖိုးထောင်၏ အမှုအား ဒီဇင်ဘာ ၁ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။
လက်မှတ်အတုနှင့် တံဆိပ်တုံးအတု ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသူ ကိုဖိုးထောင်အမှုတွင် တရားလိုပြသက်သေအား စတင်စစ်ဆေး