စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက် (ခ) အင်းရွာသစ်ရပ်ကွက်တွင် အောက်တိုဘာ ၂၇ ရက် နံနက်အစောပိုင်း အချိန်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာတွင် ပြစ်မှုကျူးလွန်ခဲ့သူဟု ဆိုသူ ကောင်းကောင်း (ခ) ကောင်းခန့်ဇော် အသက် (၂၀ နှစ်) အရွယ်ရှိသူအား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့နှင့် နယ်မြေရဲတပ်ဖွဲ့တို့ နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့်သက်သေခံ ပစ္စည်းများကို အပ်နှံပြီးဖြစ်ကြောင်း မုံရွာမြို့နယ်မြေ ရဲစခန်းစခန်းမှူး ရဲအုပ် ရဲအောင်ထံမှ သတင်းရရှိသည်။
ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ကောင်းကောင်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာကတည်းက အလုပ်မရှိသဖြင့် သေဆုံးသူ မောင်ချိုမှ ဘိန်းဖြူဖြန့်ဖြူးပေးရန် ဆက်သွယ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လတွင် ဘိန်းဖြူ ပင်နီဆီလင်ပုလင်း တစ်လုံးအား ကျပ် ၄၀၀၀ ဖြင့်ဝယ်ယူပြီး ကျပ် ၆၀၀၀ ဖြင့် မုံရွာမြို့တွင်းသို့ လိုက်လံ ရောင်းချခဲ့ကြောင်း၊ မောင်ချို၏ ဇနီးဖြစ်သူ မထားထားနွယ် (ခ) မမော်မော်က မူးယစ်ဆေးဝါး သုံးစွဲကြောင်း ၎င်းဇနီးဖြစ်သူ အားရန်တိုက်ပေးသဖြင့် အဆက်အသွယ်ဖြတ်ပြီး ဖောင်းပြင်မြို့နယ်နေသူ တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ပြောင်းယူပြီး ဖြန့်ချိနေစဉ်တွင်လည်း အမျိုးမျိုး လိုက်လံ နှောင့်ယှက်သဖြင့် စီးပွားရေး ကျပ်တည်းလာပြီး မောင်ချိုတို့လင်မယားအပေါ် အငြိုးထားခဲ့ကာ ယခုကဲ့သို့ ပြစ်မှုကျူးလွန်ရခြင်း ဖြစ်ကြောင်း ရဲစခန်း စစ်ဆေးချက်တွင် ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ဓားဖြင့် ခုတ်ခံရပြီး သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ ဦးမောင်ချို (ကနီမြို့နယ် ချိုင်ရွာနေသူ)နှင့် မထားထားနွယ ်(ခ) မမော်မော် (တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်နေသူ) တို့ဖြစ်ပြီး ပြစ်မှု ကျူးလွန်ခဲ့သူဟုဆိုသူ ကောင်းကောင်း (ခ) ကောင်းခန့်ဇော်အား နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ဖမ်းဆီရမိပြီး မုံရွာမြို့နယ် မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၈/၂၀၁၆)(ပ) ၇၅၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ပြီး ကံသာဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက တရားလိုပြုလုပ် တိုင်တန်းအမှုဖွင့်ပြီး မုံရွာမြို့နယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ် ရဲအောင်က အမှုစစ်အဖြစ် ဆောင်ရွက်နေလျက်ရှိကြောင်း သတင်းရရှိသည်။
မုံရွာမြို့ ကန်သာဦး ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူဟုဆိုသူူအား ရဲတပ်ဖွဲ့က ဖမ်းဆီး