ခန္တိးမြို့မ ရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်သားများ သတ်မှတ်ဦးရေထက် ကျော်လွန်နေသဖြင့် အချို့အချုပ်သားများအား ခန္တီးအကျဉ်းစခန်းတွင် ခေတ္တချုပ်နှောင်ထားရပြီး အကျဉ်းစခန်းတွင်လည်း အကျဉ်းသား ဦးရေမှာ သတ်မှတ်ဦးရေထက် ကျော်လွန်နေကြောင်း သိရသည်။“ဒါက သိပ်တော့ မကောင်းဘူးပေါ့လေ။ အချုပ်သားဆိုတာ ဒီအမှုကနေ လွတ်ရင်လည်း လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့ အခုလောလောဆယ် အကျဉ်းထောင်ထဲပို့ ထားနေရပြီ။ အကျဉ်းထောင်ကနေ ရုံးထုတ်လာတဲ့အခါ သုံးမိုင်အကွာအဝေးကို သွားပြန်နေရတဲ့အတွက် ပင်ပန်းတဲ့အပြင် တခြားနစ်နာမှုတွေလည်း ရှိနိုင်တာပေါ့နော်။ နောက်တစ်ခုက အချုပ်ထဲမှာလည်း လူဦးရေ ၆၀ ကျော်လောက်ပဲ ဆံ့တာကို အခု ၁၂၀ ကျော်နေပြီ။ အချုပ်သားတွေ သတ်မှတ်ဦးရေထက် ပိုများနေတဲ့အတွက် ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အချုပ်ဖောက်ထွင်းမှု ဖြစ်သွားခဲ့ရတယ်။ ဒီလိုအခြေအနေတွေ ထပ်မဖြစ်အောင်လို့ လက်ရှိအချုပ်အဆောက်အအုံကို ချဲ့ထွင်ပေးဖို့ ဒါမှမဟုတ် အသစ်တစ်လုံး ထပ်ဆောက်ပေးဖို့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပေမယ့် ဘာမှရေရေရာရာ မရှိခဲ့ပါဘူး” ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။အချုပ်မဆံ့သဖြင့် အကျဉ်းထောင်တွင် ခေတ္တချုပ်နှောင်ထားရသော အချုပ်သားများမှာ အမျိုးသား ၁၅ ဦးဖြစ်ပြီး တရားမဝင် ကျောက်မျက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားသူ ခုနစ်ဦးနှင့် ဓားပြမှုဖြင့် ဖမ်းဆီးသူ ရှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ထို့တူ ခန္တီးအကျဉ်းထောင်မှာလည်း လူဦးရေ ၆၀၀ ကျော်သာ ဆံ့သော်လည်း ယခုအခါ ၈၀၀ ကျော် ထည့်သွင်းထားရကြောင်း သိရသည်။ ထိုအချုပ်သား အကျဉ်းသားများထဲတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများဆုံးဖြစ်ကြောင်း သိရသည်။ခန္တီးမြို့ အချုပ်ခန်းနှင့် အကျဉ်းထောင် နှစ်ခုစလုံးတွင် အချုပ်သားအကျဉ်းသားများ သတ်မှတ်ဦးရေထက် ကျော်လွန်နေသဖြင့် အချုပ်ခန်း အကျဉ်းစခန်းများ တိုးချဲ့ဆောက်လုပ်ပေးရန် ခန္တီးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူ့လွှတ်တော်မှတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနတွင် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခန္တီးမြို့မ ရဲစခန်းရှိ အချုပ်တွင် အချုပ်သားများ ပြည့်နေသဖြင့် အချုပ်သားတချို့ကို အကျဉ်းစခန်းတွင် ခေတ္တချုပ်နှောင်ထားရပြီး အကျဉ်းစခန်း၌လည်း သတ်မှတ်ဦးရေထက် ကျော်လွန်နေ