အမေရိကန် ဂီတပညာရှင် ဘော့ဒီလန် စာပေနိုဘယ်ဆု ရရှိ

အမေရိကန် ဂီတပညာရှင် ဘော့ဒီလန် စာပေနိုဘယ်ဆု ရရှိ
Published 13 October 2016

အမေရိကန် ဂီတဂန္ထဝင် တစ်ဦးဖြစ်သူ ဘော့ဒီလန်သည် အောက်တိုဘာ ၁၃ ရက်က စာပေနိုဘယ်ဆု ရရှိခဲ့ပြီး ဂုဏ်သိက္ခာ ကြီးမားသော ယင်းဆုကို ပထမဆုံး ရရှိခဲ့သည့် သီချင်းရေးဆရာတစ်ဦး ဖြစ်ခဲ့သည်။ အသက် ၇၅ နှစ်အရွယ် ဒီလန်သည် အမေရိကန်ဂီတ အစဉ်အလာအတွင်းမှနေ၍ သစ်လွင်သော ကဗျာဆန်သည့် ထုတ်ဖော်မှုများကို ဆောင်ရွက်ခဲ့သည့်အတွက် စာပေနိုဘယ်ဆု ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း Swedish Academy က ပြောကြားခဲ့သည်။
ဘော့ဒီလန်က စာပေနိုဘယ်ဆု ရရှိခဲ့ခြင်းသည် အံ့အားသင့်စရာ ကြေညာချက်တစ်ခု ဖြစ်ခဲ့ပြီး ဆုကြေညာပွဲသို့ တက်ရောက်ခဲ့သော ဂျာနယ်လစ်များက ကျယ်လောင်စွာဖြင့် ဂုဏ်ပြုချီးကျူးခဲ့ကြကြောင်း သိရသည်။
ဘော့ဒီလန်သည် နိုဘယ်ဆုအတွက် ထင်ကြေးပေးခံခဲ့ရဖူးသော်လည်း ဆုရရှိနိုင်သူ တစ်ဦးအဖြစ် သတ်မှတ်မခံခဲ့ရပေ။
ဒီလန်၏ သီချင်းများသည် ကဗျာမြောက် သီချင်းများဖြစ်ကြောင်း Swedish Academy ၏ အမြဲတမ်း အတွင်းဝန် ဆာရာဒါနီးယက်က ပြောကြားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မင်နီဆိုးတားပြည်နယ် ဒူလက်မြို့တွင် မွေးဖွားခဲ့သော ဘော့ဒီလန်သည် ဘာဂျာ၊ ဂစ်တာနှင့် စန္ဒရားတို့ကို ဆရာလွတ် တတ်မြောက်ခဲ့သူဖြစ်သည်။ စာပေနိုဘယ်ဆုသည် နိုဘယ်ဆုများ အနက် နောက်ဆုံးချီးမြှင့်သောဆု ဖြစ်သည်။ ဒီလန်သည် ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ ဟုမ်းမြို့၌ နိုဘယ်ဆုကို လက်ခံရမည်ဖြစ်ပြီး ဆုကြေးငွေ ခရိုနာရှစ်သန်း (ဒေါ်လာ ၉၀၆၀၀၀) ကို လက်ခံရရှိမည်ဖြစ်သည်။
Ref: AFP

Most Read

Most Recent