ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ကံတော်ကုန် ကွယ်လွန်

ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ကံတော်ကုန် ကွယ်လွန်
Published 13 October 2016
Ref: AFP

 
နှစ်နှစ်ကြာ နာမကျန်းဖြစ်ကာ ဆေးရုံတက်နေရသည့် ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုင်းနန်းတော်က ယနေ့ (အောက်တိုဘာ ၁၃ ရက်) တွင် ကြေညာခဲ့သည်။ ထိုင်းဘုရင် ကွယ်လွန်သွားခြင်းကြောင့် ဆယ်စုနှစ် ခုနစ်ခုကြာ ဘုရင်အဖြစ် အုပ်စိုးခဲ့မှု အဆုံးသတ်သွားပြီး သဘောထားအကြီးအကျယ် ကွဲလွဲနေသော ထိုင်းနိုင်ငံတွင် စည်းလုံးညီညွတ်ရေးအတွက် အရေးပါသော ဘုရင်၏ပုံရိပ်လည်း ပျောက်ကွယ်ခဲ့ရပြီ ဖြစ်သည်။
 
ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၅၂ မိနစ် (ဂရင်းနစ် စံတော်ချိန် ၀၈:၅၂) တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သော ထိုင်းဘုရင်သည် သီရိရပ်ဆေးရုံ၌ ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း တော်ဝင်အိမ်တော်ဗျူရိုက ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြသည်။ 
 
အောက်တိုဘာ ၁၃ ရက် ဘုရင်မကွယ်လွန်မီ ရာနှင့်ချီသော လူများသည် ပန်းရောင်ဝတ် စုံများဝတ်ဆင်ကာ ဘန်ကောက်မြို့ သီရိရပ်ဆေးရုံအပြင်ဘက်၌ စုဝေးကာ နာမကျန်းဖြစ်နေသော ဘုရင်ဘူမိဘောအဒူလျာဒက်အတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံသားများက ပန်းရောင်သည် ဘုရင်အတွက် ကံကောင်းမှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ လူအများအပြားသည် ဆေးရုံအပြင်ဘက်၌ ပန်းကုံးများ ချထားကာ ဆုတောင်းမှု ပြုလုပ်ကြပြီး အမွှေးတိုင်များကိုလည်း ထွန်းညှိခဲ့ကြသည်။ ထိုင်းစံတော်ချိန် ည ၇ နာရီမတိုင်မီကလေးတွင် ထိုင်းရုပ်သံအားလုံးက ထိုင်းဘုရင်၏ အဖြူအမည်းဓာတ်ပုံများကို စတင်ဖော်ပြကာ အထူးကြေညာချက်အဖြစ် ထုတ်လွှင့်ခဲ့ကြသည်။ 
 
ဘူမိဘော (၈၈ နှစ်) သည်  တိုင်းသူပြည်သားများက လေးစားချစ်ခင်ကြသည့် ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပြီး မငြိမ်မသက်မှုများ၊ အာဏာသိမ်းမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ဆယ်စုနှစ်များတစ်လျှောက် လမ်းပြအလင်းရောင်အဖြစ် နန်းတော်က ဘုရင်ကို ပုံဖော်ခဲ့သည်။
 
 

Most Read

Most Recent