အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး မစန်းကေခိုင်၏ ယာဘက်လက်ကို ခွဲစိတ်ကုသခဲ့ပြီး လက်ချောင်းများ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ရန် စောင့်ကြည့်ရမည်ဟု ဆို

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး မစန်းကေခိုင်၏ ယာဘက်လက်ကို ခွဲစိတ်ကုသခဲ့ပြီး လက်ချောင်းများ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ရန် စောင့်ကြည့်ရမည်ဟု ဆို
အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုများ၏ နှိပ်စက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများကို အိမ်အကူ မိန်းကလေးငယ်များက ပြသနေစဉ်
အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုများ၏ နှိပ်စက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများကို အိမ်အကူ မိန်းကလေးငယ်များက ပြသနေစဉ်
Published 8 October 2016
အိသဉ္ဇာကျော်

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး မစန်းကေခိုင်၏ ယာဘက်လက်ကို ခွဲစိတ်ကုသခဲ့ပြီး လက်ချောင်းများ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ရန် စောင့်ကြည့်ရမည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်မောင်မြင့်၏ ပြောကြားချက်အရ သိရသည်။  “မစန်းကေခိုင်ရဲ့ ညာဘက်လက်ကို စက်တင်ဘာ ၅ ရက်က ကျွန်တော်ကိုယ်တိုင်ပဲ ခွဲစိတ်ကုသခဲ့တယ်။ ညာဘက်လက်ကို ခွဲစိတ်ထားတာဖြစ်ပြီး ညာဘက်လက်ချောင်းလေးတွေကိုလည်း ခွဲစိတ်ထားတယ်။ လက်ရှိ ခွဲစိတ်ပြီး အခြေအနေကတော့ ကောင်းတယ်။ ကလေးက လက်ရှိ ကျောက်ပတ်တီး စည်းထားတယ်။ သုံးပတ်လောက် စည်းထားရမယ်။ ပြီးရင် လေ့ကျင့်ခန်းတွေ ဆက်လုပ်ရမယ်။ ညာဘက်လက် ကောင်းလာတဲ့ အခြေအနေပေါ် မူတည်ပြီး ဘယ်ဘက်လက်ကို ခွဲစိတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်ဘက်လက်ကိုလည်း ဆက်ခွဲမယ်။ ဆေးပညာအရ ရာနှုန်းပြည့် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာတော့ ပြောလို့ မရသေးပါဘူး။ သူက ကလေးလည်း ဖြစ်နေတယ်။ ခွဲစိတ်ထားတဲ့ အခြေအနေလည်း ကောင်းတယ်။ ရာနှုန်းပြည့် ပြန်ကောင်းဖို့၊ မကောင်းဖို့ ဆိုတာတော့ အများကြီး စောင့်ကြည့်ဖို့ လိုပါသေးတယ်။ တရားသူကြီးတွေကို ဆရာဝန်တွေက ထွက်ချက်တွေ ရေးပေးရတယ်။ ဒါကြောင့် အချိန်မတိုင်ခင် ထုတ်ပြန်လို့ မရသေးပါဘူး” ဟု ဒေါက်တာခင်မောင်မြင့်က ပြောကြားသည်။၁၇ နှစ်အရွယ် မိန်းကလေး မစန်းကေခိုင်သည် လွန်ခဲ့သည့် ငါးနှစ်ခန့် ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်သူဖြစ်ပြီး ယင်းကာလအတွင်း မစန်းကေခိုင်၏ လက်ချောင်း ၁၀ ချောင်းစလုံးမှ လက်ဆစ်များကို ရိုက်ချိုးခြင်း၊ မျက်နှာ၊ လက်ဖျံနှင့် လည်ပင်းတို့ကို ဓားဖြင့်မွှန်းခြင်း စသည့် နှိပ်စက်မှုများကို ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။အိမ်အကူ မိန်းကလေး နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်အားခ မပေးသည့် အင်း၀ အပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး တရားလိုမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ၎င်းတို့ကို ကျောက်တံတားမြို့မ ရဲစခန်းကလည်း ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။             

Most Read

Most Recent