သြဂုတ်လအတွင်း တစ်နိုင်ငံလုံးတွင် လောင်းကစားမှု ၃၂၅ မှုမှ ကျူးလွန်သူ ၇၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖမ်းဆီးရမိခဲ့သည့် လောင်းကစားမှုများတွင် နှစ်လုံးထီ၊ ချဲထီ၊ ဖဲ၊ ဂျင်နှင့် အခြားလောင်းကစားမှုများ ပါဝင်ပြီး ယင်းတို့အနက် နှစ်လုံးထီ လောင်းကစားမှု ၂၀၆ မှုမှ လောင်းကစားသူ ၂၄၂ ဦး ဖမ်းဆီးရမိခဲ့ပြီး လောင်းကြေးငွေကျပ် သိန်း ၃၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိသည့် လောင်းကစားမှုများမှာ နှစ်လုံးထီ လောင်းကစားမှု ၂၀၆ မှုမှ လောင်းကြေးငွေကျပ် ၃၀၂၁၆၈၂၀၊ ချဲထီ ၄၄ မှုမှ လောင်းကြေးငွေ ကျပ် ၉၅၈၅၆၈၀၊ ဖဲမှု ၆၈ မှုမှ လောင်းကြေး ငွေကျပ် ၅၃၄၈၆၅၀၊ ဂျင်သုံးမှုမှ လောင်းကြေးငွေကျပ် ၆၀၄၂၅၀ နှင့် အခြားအမှုပေါင်း ၃၁ မှုမှ လောင်းကြေးငွေကျပ် ၄၂၉၅၁၅၀ တို့ကို ဖမ်းဆီးရမိခဲ့ကာ ယင်းအမှုများမှ ကျူးလွန်သူ ၇၄၀၊ လောင်းကြေးငွေ ၅၀၀၅၀၅၅၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖမ်းဆီးရမိခဲ့သည့် လောင်းကစားမှုများမှာ နေပြည်တော်တွင် ၁၀ မှု၊ ကချင်ပြည်နယ်တွင် ငါးမှု၊ ကရင်ပြည်နယ်တွင် ငါးမှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃ မှု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးမှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၇ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁၈ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၅ မှု၊ မွန်ပြည်နယ်တွင် ၁၈ မှု၊ ရခိုင်ပြည်နယ်တွင် နှစ်မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၅၉ မှု၊ ရှမ်းပြည်နယ်တွင် လေးမှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃ မှု စုစုပေါင်း ၃၅၂ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ထုတ်ပြန်ထားသည်။
သြဂုတ်လအတွင်း တစ်နိုင်ငံလုံးတွင် လောင်းကစားမှု ၃၂၅ မှုမှ ကျူးလွန်သူ ၇၀၀ ကျော်အား အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်