တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းစု Lotte Group ၏ ဒုတိယဥက္ကဋ္ဌ ကိုယ့်ကိုယ်ကိုယ် သတ်သေ

တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းစု Lotte Group ၏ ဒုတိယဥက္ကဋ္ဌ ကိုယ့်ကိုယ်ကိုယ် သတ်သေ
Published 26 August 2016

တောင်ကိုရီးယားနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံး စီးပွားရေး လုပ်ငန်းစုဖြစ်သော Lotte အုပ်စု၏ ဒုတိယဥက္ကဋ္ဌ လီအင်ဝမ်ကို သြဂုတ် ၂၆ ရက်က အသက်မဲ့လျက် တွေ့ရှိခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှု ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အရှေ့ဘက်ရှိ ယန်ပြောင်မြို့ တောင်တက်လမ်းကြောင်းတစ်ခုအနီးရှိ သစ်ပင်တွင် လီအင်ဝမ်၏ အလောင်းကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ Lotte အုပ်စုသည် အခွန်ရှောင်ခဲ့ပြီး တရားမဝင် ရည်ရွယ်ချက်များအတွက် အထူးသဖြင့် နိုင်ငံရေး လာဘ်ထိုးမှုများအတွက် သုံးစွဲရန် ရန်ပုံငွေများ ဖန်တီးခဲ့ကြောင်း စွပ်စွဲမှုများကို ငြင်းဆိုထားပြီး Lotte ၏ ဥက္ကဋ္ဌ ရှင်ဒေါင်ဘင်ကို သစ္စာရှိကြောင်း ထုတ်ဖော် ပြောကြားထားသည့် စာမျက်နှာ လေးမျက်နှာပါ စာတစ်စောင်ကို သေဆုံးသူ လီအင်ဝမ်၏ ကားထဲတွင် တွေ့ရှိခဲ့သည်။  
လီအင်ဝမ်သည် ဒေါ်လာ သန်းပေါင်းများစွာ အခွန်တိမ်းရှောင်မှုတွင် အဓိက မသင်္ကာသူအဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။ တောင်ကိုရီးယားတွင် ခြစားမှု စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်၍ အဓိက မသင်္ကာသူများ၏ သတ်သေမှုသည် ထူးခြားသော ဖြစ်စဉ်တစ်ခု မဟုတ်ပေ။ တောင်ကိုရီးယား၏ ဒုတိယ အကြီးဆုံး လုပ်ငန်းစုဖြစ်သော ဟွန်ဒိုင်း၏ ဥက္ကဋ္ဌ ချန်မောင်ဟွန်သည် မြောက်ကိုရီးယားသို့ ဒေါ်လာ သန်း ၅၀၀ လျှို့ဝှက်လွှဲပြောင်းပေးခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံရပြီးaနာက် ၂၀၀၃ ခုနှစ်တွင် ရုံးအဆောက်အအုံaပါ်မှ ခုန်ချ၍ သတ်သေသွားခဲ့သည်။
Ref: AFP

Most Read

Most Recent