မြန်မာနိုင်ငံ အနေဖြင့် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၇၄၂ ဒသမ ၄၈ သန်း (သို့မဟုတ်) ၈ ဒသမ ၇၄၂ ဘီလျံကျော် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယနေ့(သြဂုတ် ၁၆ ရက်)တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။ယနေ့(သြဂုတ် ၁၆ ရက်)တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၌ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို က "နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိသည့် ပြည် ပချေးငွေများ အခြေအနေမှန်ကို မဲဆန္ဒရှင်ပြည်သူများ ကိုယ်စား သိရှိလိုကြောင်း" မေးခွန်းကို မေးမြန်းရာတွင် ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ဖြေကြားရာတွင် နိုင်ငံ/အဖွဲ့အစည်းအလိုက် ၃၁-၃-၂၀၁၅ ရက်နေ့တွင်ရှိသည့် ပြည်ပချေးငွေ၏ လက်ကျန် အခြေအနေမှာ အမေရိကန်ဒေါ်လာ ၉၀၈၆.၇၉၆ သန်းဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ယူသုံးစွဲသည့် ချေးငွေတွင် အမေရိကန်ဒေါ်လာ ၇၉၀.၃၃၆ သန်းဖြစ်ပါကြောင်း၊ ပေးဆပ်ပြီးသည့် အရင်းငွေ အမေရိကန်ဒေါ်လာ ၃၄၄.၃၁၆ သန်းနှင့် အတိုးငွေ အမေရိကန် ဒေါ်လာ ၂၂၇.၇၄၆ သန်းဖြစ်ပါကြောင်း၊ အဆိုပါချေးငွေများသည် ငွေကြေးအမျိုးအစား အလိုက် စာရင်းပြုစုထားရှိခြင်းဖြစ်ရာ ၃၁-၃-၂၀၁၆ ရက်နေ့တွင်ရှိသည့် ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ပြီး ညီမျှသည့် အမေရိကန်ဒေါ်လာ တန်ဖိုးများဖြင့် ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ချေးငွေများ၏ သက်တမ်းကို ဆိုင်းငံ့ကာလအပါအဝင် ချေးငွေ သက်တမ်းဖြင့် ပြုစုထားခြင်း ဖြစ်ပါကြောင်း၊ ချေးငွေစာချုပ်ချုပ်ဆိုပြီးနောက် ဆိုင်းငံ့ကာလအတွင်း ချေးငွေ ထုတ်ယူသုံးစွဲသည့် ပမာဏအပေါ် ကျသင့်သည့် အတိုးကိုပေးဆပ်ရပြီး ဆိုင်းငံ့ ကာလကုန်ဆုံးသည့် အချိန်မှစ၍ ကျသင့်သည့်အတိုးအပြင် အရင်းငွေကိုပါ အရစ်ကျပေးဆပ်ရပါကြောင်း၊ အရင်းကို နောက်ဆုံး အရစ်ပေးချေပြီးသည့် အချိန်မှသာ သက်ဆိုင်ရာ ချေးငွေပေးသည့် နိုင်ငံ/အဖွဲ့အစည်းများနှင့် ချေးငွေစာရင်း ရှင်းလင်းမှုပြီးပြတ်ခြင်း ဖြစ်ပါကြောင်း စသဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
ပြည်ပ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၈ ထောင်ကျော် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း ဒုဝန်ကြီးဆို
Most Read
Most Recent
58 min ago
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago