အစိုးရနှင့် တပ်မတော် ဆက်ဆံရေးကောင်းမွန်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား

အစိုးရနှင့် တပ်မတော် ဆက်ဆံရေးကောင်းမွန်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား
Published 20 July 2016

နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ အကြား ဆက်ဆံရေး ကောင်းမွန်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။“လက်ရှိ ကာလက နိုင်ငံတော် အစိုးရနဲ့ ကျွန်တော်တို့ တပ်မတော် ဆက်ဆံရေး အခြေအနေဟာ ကောင်းမွန်ပါတယ်လို့ ကျွန်တော့် အနေနဲ့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ အပေါ်မှာ ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လိုက်ပါပြီး ဆောင်ရွက်မှုတွေကို Participate လုပ်တဲ့ ကိစ္စတွေပေါ့။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး ကိစ္စမှာပဲ ကြည့်မယ်ဆိုရင် NCA မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်မှတ်ရေးထိုးထားခဲ့တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ထို့ပြင် လက်ရှိတွင် ဖွဲ့စည်းထားသည့် NRPC တွင် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ဦး၊ UPDJC တွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦး၊ JMCU အဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးခန့် ပါဝင်ကြောင်း၊ JMC-S အဖွဲ့များတွင်လည်း သက်ဆိုင်ရာ ပြည်နယ်များတွင် ရှိသည့် တိုင်းမှူးများက ပါဝင်ဆောင်ရွက်နေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။“ဆိုလိုတာကတော့ နိုင်ငံတော်ကနေပြီးတော့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဦးဆောင်မှုတွေ အောက်မှာ ကျွန်တော်တို့ တပ်မတော် အနေနဲ့ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိနေတယ်ဆိုတဲ့ အနေအထားလေးကို ကျွန်တော့် အနေနဲ့ တင်ပြလိုပါတယ်။ ဒါသည် အစိုးရနဲ့ တပ်မတော်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ် ဖြစ်နေတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ ရှင်းလင်း တင်ပြလိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။

Most Read

Most Recent