ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်ခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် အိမ်ရှင်မိသားစုဝင် လေးဦး၏ အမှုကို ဇူလိုင် ၂၀ ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌ ရုံးချိန်းခဲ့သည်။
ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးအား ပြန်ခေါ်သက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့ပြီး မိန်းကလေးက ၎င်းနှိပ်စက်ခံရသည့် အကြောင်းရင်းများ၊ ရရှိသော ဒဏ်ရာများအား ထွက်ဆိုခဲ့ပြီး စွပ်စွဲခံရသူ၏ ရှေ့နေက ပြန်လှန်မေးခွန်း မေးမြန်းမှုများကိုလည်း ဖြေကြားခဲ့ကြောင်း သိရသည်။
“ မိန်းကလေးကို ပြန်ခေါ်သက်သေအဖြစ် ဒီနေ့ စစ်ဆေးခဲ့တယ်။ လာမယ့် ရုံးချိန်းမှာ မှုခင်းဆရာဝန်ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမယ်လို့ သိရပါတယ်”ဟု အိမ်အကူ မိန်းကလေး၏ ဦးလေးဖြစ်သူက ဇူလိုင် ၂၀ ရက်တွင် ပြောကြားသည်။
အမှုနှင့်ပတ်သက်၍ အိမ်ရှင်အမျိုးသမီးအား ပုဒ်မ ၃၀၇ ဖြင့် လည်းကောင်း၊ အိမ်ရှင်၏ သမီးဖြစ်သူကို ပုဒ်မ ၃၂၃ ဖြင့် လည်းကောင်း၊ အိမ်ရှင်၏ သားနှင့်သမက်ဖြစ်သူတို့အား ပုဒ်မ ၃၂၅ ဖြင့် အသီးသီး စွဲချက်တင်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီးနောက် ပြန်ခေါ်သက်သေများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၄၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား အိမ်ရှင်မိသားစုဝင်များက တုတ်၊ စတီးလ်ယောင်းမ တို့ဖြင့် ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်အစရှိသည့် နေရာများကို ရိုက်နှက်သဖြင့် အိမ်အကူမိန်းကလေးမှာ အဆိုပါနေအိမ်မှ ထွက်ပြေးကာ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများထံသု့ိ အကူအညီတောင်းခံ၍ ဆေးရုံသို့ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။
အဆိုပါကိစ္စအား အိမ်အကူမိန်းကလေးဖြစ်သူနှင့် အုပ်ထိန်းသူများက ပြီးခဲ့သည့် ဇူလိုင်လအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အိမ်အကူမိန်းကလေး၏ အဒေါ်ဖြစ်သူက တရားလိုပြုလုပ်၍ အိမ်ရှင်မိသားစုဝင် လေးဦးအား ဒဂုံမြောက်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အိမ်အကူမိန်းကလေးကို ဆေးရုံတက် ကုသရသည်အထိ ရိုက်နှိက်မှုဖြင့် အိမ်ရှင်မိသားစုဝင် လေးဦးအား ပုဒ်မသုံးခုဖြင့် စွဲချက်တင်ထားသည့်အမှု ကျုးလွန်ခံရသည့် မိန်းကလေးကို ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေး