ရန်ကုန်စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာ အရောင်းအဝယ် ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI မတ် ၂၅ ရက်တွင် စတင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံး စတော့ရှယ်ယာ ရောင်းချခွင့်ရ FMI ကုမ္ပဏီက မေ ၁၉ ရက်အထိ ကုမ္ပဏီ တစ်ခုတည်း ပြိုင်ဘက်မရှိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။ FMI ကုမ္ပဏီ အနေဖြင့် ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု ကျဆင်းသွားပြီး ကျပ် ငါးဘီလျံကျော်ဖိုးသာ ရောင်းချနိုင်ခဲ့သည်။FMI ကုမ္ပဏီ၏ အရောင်းအဝယ် ဖြစ်ပေါ်သည့် အခြေအနေများမှာ မတ်လတွင် အနိမ့်ဆုံး ကျပ် ၃၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၁၀၀၀ အကြားတွင် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၆၆၉၉၃၉ အထိ ရှိခဲ့သည်။ ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၇၀၀၀ အကြားတွင် အစုရှယ်ယာပေါင်း ၁၈၂၇၅၇ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သဖြင့် ထိုသို့ အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ဧပြီလတွင် အနိမ့်ဆုံး ကျပ် ၃၀၀၀၀ အထိသာ ဖြစ်ပေါ်ခဲ့သည့် FMI ရှယ်ယာများသည် မေလတွင်မူ ဆိုးရွားစွာ ကျဆင်းလာပြီး ရှယ်ယာ တစ်စုလျှင် အနိမ့်ဆုံး ကျပ် ၂၅၀၀၀ အထိ ကျဆင်းသွားကာ အမြင့်ဆုံးအဖြစ် ကျပ် ၃၁၅၀၀ သာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ပြီး မေလအတွင်း FMI ရှယ်ယာပေါင်း ၁၈၉၅၀၈ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ ၅ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ဇွန်လတွင်မူ ပိုမို ကျဆင်းသွားပြီး ရှယ်ယာ တစ်စုလျှင် ၂၀၀၀၀ အထိ ကျဆင်းသွားကာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၁၁၈၅၅၀ စုသာ ဖြစ်ခဲ့ပြီး ကျပ် ၂ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။မေ ၂၀ ရက်တွင် စတင်ရောင်းချသည့် သီလဝါ MTSH ရှယ်ယာများ အနေဖြင့် ရှယ်ယာ တစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်း မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နှုန်းထားများသည်ပင် သီလဝါ MTSH ရှယ်ယာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၁၇၃၉၂၅ စု ဖြစ်ပေါ်ကာ ကျပ် ၁၀ ဘီ လျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ သီလဝါ ရှယ်ယာများသည်လည်း ရှယ်ယာ တစ်စုလျှင် ကျပ် ၅၂၀၀၀ အထိ ကျဆင်းခဲ့ပြီး အရောင်းအဝယ် ဖြစ်ပေါ်မှု ၇၄၀၄၂ စုသာ ရှိကာ ၃ ဒသမ ၉ ဘီလျံကျော်ဖိုးသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းနှင့် အရောင်းအဝယ် နည်းပါးရခြင်းမှာ စတော့ရှယ်ယာ ဈေးကစားသူများအား စုံစမ်းအရေးယူမည် ဆိုခဲ့ခြင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် FMI ရှယ်ယာတစ်စု ၁၃၅ ကျပ်သာ အမြတ်ပေးနိုင်မည် ဆိုခြင်းနှင့် သီလဝါရှယ်ယာ တစ်စုလျှင် ၂၅၀၀ ကျပ်သာ အမြတ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အရောင်းအဝယ် ဖြစ်ပေါ်မှု နည်းပါးခဲ့ရသည့်အပြင် ကုမ္ပဏီများ၏ ဈေးကွက် ဆွဲတင်ထားမှုကြောင့် အမှန်ဖြစ်သင့်သည့် ဈေးများထက် ကျော်လွန်နေခြင်းကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း သုံးသပ်သည်။“ရှယ်ယာရဲ့ သဘောက အနာဂတ်မှာ တိုးတက်လာနိုင်မယ့် အကျိုးအမြတ်တွေအတွက် မြှုပ်နှံတာ။ ဒီမှာက ကောလာဟလနဲ့ပဲ ကြီးပြင်းလာတော့ ကောလာဟလ တစ်ခါထွက်ရင် တစ်ခါပြုတ်ကျတာ ဖြစ်နေတယ်။ လက်ရှိ ရှယ်ယာဈေးတွေက ဖြစ်သင့်တဲ့ အနေအထားကို မရောက်သေးဘူး။ ဆွဲတင်ထားတဲ့ ဈေးနှုန်း ဖြစ်နေတယ်။ ဆွဲတင်ထားတဲ့ ဈေးနှုန်း ဖြစ်နေရင်တော့ ပြုတ်ကျနေဦးမှာပဲ။ ဒီနေရာမှာ ရေတို အမြတ်ရအောင် ဝယ်သူတွေနဲ့ ကုမ္ပဏီတွေဘက်က ဆွဲတင်ထားတဲ့ ဈေးနှုန်းတွေကြောင့် ဒီဈေးတွေ ဖြစ်နေတာ။ သူတို့ရဲ့ စီမံကိန်းတွေ အနာဂတ် စီမံကိန်းတွေ ကြည့်လိုက်ရင် ဒီဈေးတွေဟာ မဖြစ်သင့်သေးဘူး ယူဆတယ်” ဟု စတော့အိတ်ချိန်းအား စောင့်ကြည့်လေ့လာနေသည့် Diamond Intelligence ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်အောင်မင်းလတ်က သုံးသပ်သည်။
FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု တန်ဖိုးပေါင်း ကျပ် ၃၈ ဘီလျံကျော်နှင့် သီလဝါရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၁၃ ဘီလျံကျော်ဖြင့် စုစုပေါင်း ကျပ် ၅၁ ဘီလျံကျော်အထိ ရှိလာပြီး ဇွန်လအတွင်း ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု အနည်းဆုံး ဖြစ်လာ










