နယ်စပ်ကုန်သွယ်ရေးမှ လုပ်ငန်းသုံးကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းတင်သွင်းမှု လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၄ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၅၃၅ ဒသမ ၈၀၆ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါ က ဒေါ်လာ ၁၀ သန်းနီးပါး လျော့ကျခဲ့ကြောင်း သိရသည်။လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၄ ရက်အထိ နယ်စပ်ကုန်သွယ်ရေးမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ဒေါ်လာ ၃၀၂ ဒသမ ၅၆ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း ဒေါ်လာ ၁၀၉ ဒသမ ၄၄၃ သန်း၊ လူသုံးကုန်ပစ္စည်း ဒေါ်လာ ၁၂၃ ဒသမ ၈၀၃ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၁ သန်းကျော် လျော့နည်းခဲ့ပြီး လုပ်ငန်းသုံးကုန်ကြမ်း တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၅ သန်းကျော် နှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ ၁၅ သန်းကျော် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည် များဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အခြာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးမှ လုပ်ငန်းသုံးကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှု လျော့ကျ










