ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ်စ ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း လူသတ်မှု ၇၀ ကျော်နှင့် မုဒိမ်းမှု ၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသည့် အချက်အလက်များ အရ သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့သည့် လူသတ်မှုများအနက် တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသည့် လူသတ်မှုများလည်း ကျန်ရှိနေကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီမှ ဧပြီလကုန်အထိ ရန်ကုန်တိုင်း ဒေသကြီးတွင် လူသတ်မှု ၅၅ မှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အမှု ခုနစ်မှုထိ ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသည့် အချက်အလက် စာရင်းအရ သိရသည်။ ထို့ပြင် ထိုလေးလအတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများ ၅၈ မှုရှိပြီး တရားခံ ဖမ်းဆီးရမိခြင်း မရှိသည့် အမှုမှာ ကိုးမှု ကျန်ရှိနေသေးကြောင်း သိရသည်။
အစိုးရသစ် လက်ထက် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် စတင်သည့်လဖြစ်သည့် မေလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၂၃ မှုရှိပြီး ဧပြီလက ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၈ မှုသည့် အတွက် မေလမှာ ယခင်လထက် လူသတ်မှု ငါးမှု ပိုမို များပြားလာခဲ့သည်။
အလားတူရက် ၁၀၀ စီမံချက် စတင်သည့် လဖြစ်သည့် မေလကုန်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုမှာ ၂၅ မှုရှိပြီး ဧပြီလက ၁၆ မှု ဖြစ်ပွားခဲ့သည့်အတွက် မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းမှာ ကိုးမှု တိုးလာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။ ယခုနှစ် ဇန်နဝါရီမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု ၅၃၄ မှုထိ ရှိပြီး မုဒိမ်းမှု ၃၆၅ မှုထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ စုံစမ်း သိရှိရသည်။
လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် မှုခင်းဖြစ်စဉ် ပေါများလာသည့်အပေါ် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ရဲတပ်ဖွဲ့တွေ အနေနဲ့ ပြည်သူတွေကြားထဲမှာ ကွင်းဆင်းပြီး မှုခင်းလျော့ကျရေး ပညာပေးမှုတွေ ဟောပြောမှုတွေ လုပ်နေတယ်။ ဒါပေမဲ့လည်း တစ်ဖက်က အရက် သေစာသောက်စားပြီး ဒေါသ မထိန်းနိုင်တဲ့သူတွေ၊ စိတ်ကို အလိုလိုက်တဲ့သူတွေကလည်း ရှိနေဆဲပဲ။ နောက်ပြီး မှုခင်းအဖြစ်များတဲ့ နေရာတွေကို ကြည့်လိုက်ရင် လူနေထူထပ်ပြီး ပျံကျလူတွေနေတဲ့ လှိုင်သာယာလို နေရာမျိုးတွေမှာ ပိုဖြစ်တယ်။ တချို့ပြစ်မှု ကျူးလွန်သူတွေက အရင်က ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ပြန်လွတ်လာတော့လည်း ဒီဒုစရိုက် အလုပ်ပဲ ပြန်လုပ်တဲ့ သူတွေလည်း များတယ်” ဟု သုံးသပ်သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယခုနှစ်စမှ မေလအထိ ငါးလအတွင်း လူသတ်မှု ၇၀ ကျော်နှင့် မုဒိမ်းမှု ၈၀ ကျော် ဖြစ်ပွားပြီး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသည့် လူသတ်မှုများ ရှိနေ