ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး တတိယ အမှတ်အများဆုံး ရရှိခဲ့သူ မမေမြတ်ကိုနှင့် တွေ့ဆုံခြင်း

ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး တတိယ အမှတ်အများဆုံး ရရှိခဲ့သူ မမေမြတ်ကိုနှင့် တွေ့ဆုံခြင်း
Published 23 June 2016
ဘိုဘိုမြင့်

‘ပညာရေး တက္ကသိုလ်တက်ပြီး ကျောင်းဆရာမ လုပ်ပါမယ်’
 
မမေမြတ်ကိုမှာ အဖေဦးကိုကိုထွေးနှင့် အမေဒေါ်သန်းသန်းအေးတို့မှ ၂၀၀၀ ပြည့်နှစ် ဇွန် ၁၀ ရက်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာ မွေးဖွားခဲ့ပြီး မွေးချင်း သုံးဦးအနက် အငယ်ဆုံးသမီး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်ခြင်းကိုသာ ဝါသနာပါသူဖြစ်ပြီး တောင်စွန်း အ.ထ.က ကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ အခုလို ဝိဇ္ဇာဘာသာတွဲမှာ တစ်နိုင်ငံလုံး အဆင့်အနေနဲ့ရမှတ်ပေါင်း ၄၈၅ မှတ်နဲ့ တတိယ အမှတ်အများဆုံး ရရှိခဲ့ပေမယ့် ပညာရေးတက္ကသိုလ်တက်ပြီး ကျောင်းဆရာမတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်သွားမယ်လို့ဆိုတဲ့ မမေမြတ်ကိုနဲ့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြအပ်ပါတယ်။
 
မေး - ညီမလေးရဲ့ ငယ်စဉ်ဘ၀ ပညာရေးအခြေအနေကို ပြောပြပါ။
ဖြေ -  ညီမက ပထမတန်းကနေ နဝမတန်းအထိ နှစ်တိုင်းဆုရပါတယ်။
 
မေး - ညီမလေးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဘယ်လို ပြင်ဆင်ခဲ့ပါသလဲ။
ဖြေ - ကျောင်းကသင်ကြားပေးလိုက်တဲ့ တစ်နေ့စာကို တစ်နေ့ရအောင် ကျက်မှတ်ပါတယ်။ နားမလည်တာ မရှင်းလင်းတာရှိရင်လည်း ဆရာမတွေဆီကိုသွားပြီး မေးမြန်းတာတွေ လုပ်ပါတယ်။ ဆရာမတွေကလည်း သေချာနားလည်အောင် ရှင်းပြပေးကြပါတယ်။ နောက်ပြီးညီမကစာကို Time Table နဲ့ ကျက်ပါတယ်။ မနက်ပိုင်းမှာဆိုရင် မနက် ၅ နာရီကနေ ၈ နာရီလောက်အထိ၊ ညနေပိုင်းဆိုရင် ညနေ ၆ နာရီကနေ ည ၁၁ နာရီ လောက်အထိ ပုံမှန်စာကျက်ပါတယ်။
 
မေး  - ညီမလေးအနေနဲ့ တခြားဘာတွေ ဝါသနာပါသေးလဲ။
ဖြေ - အားလပ်တဲ့အချိန်မှာ မဂ္ဂဇင်း၊ စာစောင်တွေပဲ ဖတ်ဖြစ်တယ်။
 
မေး  - ညီမလေးအနေနဲ့တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးဆိုတော့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ - မိဘတွေဆီက ထောက်ပံ့မှုတွေရော အားပေးမှုတွေပါ ရပါတယ်။
 
မေး - စာမေးပွဲမှာရော အခက်အခဲတွေ တွေ့ရသေးလား။
ဖြေ -  စာမေးပွဲမှာတော့ အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ စာမေးပွဲ မတိုင်ခင် နှစ်လလောက်အလိုမှာ တော်တော်လေး နေမကောင်းဖြစ်သွားတယ်။ ဒါလေးပဲဖြစ်ပါတယ်။
 
မေး  - ညီမလေးအနေနဲ့တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးဆိုတော့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ  - ညီမအနေနဲ့ပညာရေးတက္ကသိုလ်တက်ပြီး ကျောင်းဆရာမ လုပ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ နယ်တွေမှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေကို ညီမလို ဖြစ်အောင် သင်ပေးချင်လို့ပါ။
 
မေး - လာမယ့် တက္ကသိုလ်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေကို ညီမလေး အနေနဲ့ ဘယ်လိုအားပေးစကားတွေ ပြောချင်လဲ။
ဖြေ - တစ်နေ့စာကို တစ်နေ့ ပုံမှန်လုပ်သွားမယ်ဆိုရင် စာမေးပွဲ သေချာပေါက် အောင်မြင်မှာပါ။ စာကို ပုံမှန်ကျက်သွားကြပါလို့ပဲ ပြောချင်ပါတယ်။

Most Read

Most Recent