သီလဝါအထူး စီးပွားရေးဇုန်တွင် ၂၀၁၆ ခုနှစ် မေလအထိ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံဝင်ရောက် ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါဌာန၏ စာရင်းများအရ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး ရပ်တည်နေပြီး ဂျပန်နိုင်ငံက ဒေါ်လာ ၂၃၅ သန်း၊ ဟောင်ကောင်က ၃၈ ဒသမ ၆၅ သန်း၊ ထိုင်းနိုင်ငံက ၃၃ ဒသမ ၂၁ သန်း၊ မြန်မာနိုင်ငံက ၂၈ သန်း၊ ယူအေအီး နိုင်ငံက ၁၅ ဒသမ ၁၆ သန်း၊ ပနားမားနိုင်ငံက ၁၃ ဒသမ ၉၁ သန်း၊ တရုတ်နိုင်ငံက ၁၂ သန်း၊ မလေးရှားနိုင်ငံက ၉ သန်း၊ ကိုရီးယားနိုင်ငံက ၈ ဒသမ ၃ သန်း၊ သြစတြေးလျနိုင်ငံက ခုနစ်သန်း၊ ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၉၃ သန်း၊ ဘရူနိုင်းနိုင်ငံက ၅ သန်း၊ ထိုင်ဝမ်က ၄ သန်း ဝင်ရောက် ရင်းနှီးမြှုပ်နှံထားပြီး ၎င်းနိုင်ငံများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၇၁၃ ဒသမ ၃၁ သန်းရှိကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ယခင်အစိုးရ လက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Developer အဖြစ် မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သီလဝါအထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ လာရောက်ရင်းနှီး မြှုပ်နှံထားရာ၌ စက်မူကုန်ထုတ် လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၃၈ ဒသမ ၆၉ သန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၄၁ ဒသမ ၀၄ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ၂၂ သန်း၊ ကုန်သွယ်မှု ကဏ္ဍတွင် ၄၁ ဒသမ ၈၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေ










