လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC) သို့ တင်ပြထားသည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာပေါင်း ၁၀၂ ခုရှိပြီး အဆိုပြု လုပ်ငန်းများကို စိစစ်ကာ ခွင့်ပြုမိန့် ပြန်လည်ချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။“လောလောဆယ်မှာ အဆိုပြုထားတဲ့ လုပ်ငန်းတွေ ရှိပေမယ့်လည်း အတည် မပြုနိုင်သေးဘူးပေါ့။ လက်ရှိမှာတော့ လုပ်ငန်း လုပ်ကိုင်ဖို့ အဆိုပြုထားတဲ့ Proposals အားလုံး ၁၀၂ ခု ရှိတယ်။ အဲဒီထဲမှာ ပြည်တွင်းက ၅၀ ကျော်လောက်၊ ပြည်ပက ၅၀ ကျော်လောက်ပေါ့နော်။ ကော်မရှင် အစည်းအဝေးတွေက တစ်ဆင့် စိစစ်ခွင့် ပြုသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီနှင့် မေနှစ်လ အတွင်း၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေမှုများကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသေးသော်လည်း ဇွန် ၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၆ ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍတို့တွင် မြှုပ်နှံ လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။နိုင်ငံသား လုပ်ငန်းရှင်များကိုမူ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ အိမ်ရာ အဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှု ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ၊ သတ္တု ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ၊ လယ်ယာ ကဏ္ဍနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍတို့တွင် မြှုပ်နှံလုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင် ဝင်ရောက် မြှုပ်နှံခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ပမာဏ စုစုပေါင်း ဒေါ်လာ ၉၄၈၁ သန်းကျော် ရှိပြီး နိုင်ငံသား လုပ်ငန်းရှင်များ၏ မြှုပ်နှံမှုမှာမူ ရင်းနှီးမြှုပ်နှံမှု စတင်ခွင့်ပြုချိန်မှ စ၍ ၂၀၁၆ ခုနှစ် မေလကုန်အထိ ကျပ် ၁၁၆၂၄ ဘီလျံကျော် ရှိကြောင်း သိရသည်။
လက်ရှိတွင် MIC သို့ တင်ပြထားသည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၁၀၂ ခုရှိပြီး အဆိုပြု လုပ်ငန်းများကို စိစစ်ကာ ခွင့်ပြုမိန့် ပြန်လည်ချပေးမည်ဟု ဆို










