ငါးနှစ်အတွင်း မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂ ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ကြောင်းနှင့် GSP အခွန်သက်သာခွင့် ရရှိပြီးနောက် ကုန်သွယ်မှု ပမာဏ ပိုများလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၅၂ သန်းကျော်ဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းက မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၄ သန်းကျော် ရှိခဲ့ပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၆၀ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၀၄ သန်းကျော် ရရှိခဲ့သည်။သို့သော် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀၉ ဒသမ ၈၇၈ သန်း ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၂၀ ဒသမ ၈၃၀ သန်း ရရှိခဲ့ကာ ကုန်သွယ်မှု စုစုပေါင်းဒေါ်လာ ၆၃၀ ဒသမ ၇၀၈ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပို့ကုန်မှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၁ ဒသမ ၁၈၁ သန်း ရရှိခဲ့ပြီး သွင်းကုန်မှ ဒေါ်လာ ၃၁၀ ဒသမ ၇၈၉ သန်းသာ ရရှိခဲ့ပြီး သွင်းကုန်ထက် ပို့ကုန် တင်ပို့မှုမှ ပိုမိုခဲ့ကာ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၆၅၂ ဒသမ ၉၇၀ သန်း ရရှိခဲ့သည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း သွင်းကုန်ထက် ပို့ကုန် ပိုမိုများပြားခြင်း အနေအထားကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းသာ ရှိခဲ့ပြီး ကျန်နှစ်များတွင် သွင်းကုန်ကသာ ပိုများခဲ့သည်။“မြန်မာနဲ့ အီးယူနိုင်ငံများရဲ့ ကုန်သွယ်မှု အခြေအနေကို လေ့လာကြည့်ရင် GSP အခွန်သက်သာခွင့်ကလည်း ရှိနေတော့ ကုန်သွယ်မှုက တက်လာတဲ့ နေရာမှာ မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှု တက်လာပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ နိုင်ငံများသို့ ပို့ကုန်များမှ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန် ပစ္စည်း၊ သတ္တု၊ သစ်တောထွက် ပစ္စည်းနှင့် စက်မှုကုန်ချော ပစ္စည်း စသည်တို့ကို တင်ပို့ကာ အီးယူမှ မြန်မာနိုင်ငံသို့မူ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု အခြေအနေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေကြောင်း သိရသည်။
ငါးနှစ်အတွင်း မြန်မာနှင့် ဥရောပသမဂ္ဂ ကုန်သွယ်မှုမှ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရရှိထားပြီး GSP အခွန်သက်သာခွင့် ရရှိပြီးနောက် ကုန်သွယ်မှု ပမာဏ ပိုများလာ










