‘သိန်း ၁၀၀၀ အထက် စာရင်းဖွင့်ပြီဆိုတာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့
FIU လို့ခေါ်တဲ့ Finicial Intelligence Unit ကို သတင်းပို့ရတယ်’
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် ၂၀၁၆ မတ် ၂၅ ရက်တွင် စတင် အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။ ယခုလက်ရှိတွင် စာရင်းဝင်ကုမ္ပဏီနှစ်ခုဖြင့် အရောင်းအဝယ် ပြုလုပ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ လည်ပတ်နေမှုကို ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်းမန်နေဂျာဦးသက်ထွန်းဦးအား မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။
■ မေး-အခုလက်ရှိ စတော့ဈေးကွက်မှာ ကျင့်သုံးနေတဲ့ MYANPIX အကြောင်းကို အသေးစိတ် ရှင်းပြပေးပါ။
ဖြေ-Myanmar Stock price Index ရဲ့ အတိုကောက်ပါ။ သဘောသဘာဝအရ Market Capitalization Index လို့ ခေါ်တယ်။ ရန်ကုန်စတော့အိတ်ချိန်းမှာ ထုတ်ရောင်းထားတဲ့ ရှယ်ယာအရေအတွက်နဲ့ အခုဖြစ်နေတဲ့ ပေါက်ဈေးကို မြှောက်လိုက်တယ်။ ဥပမာ- FMI ပေါက်ဈေး ၂၇၀၀၀ ကို စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတဲ့ ရှယ်ယာဝင်အရေအတွက်က ၂၃ မီလျံ။ အဲဒီ ၂၃ မီလျံနဲ့ ၂၇၀၀၀ နဲ့ ကိုမြှောက်တယ်။ နောက်သီလဝါ MTSH ဆိုလည်း ဖြစ်သွားတဲ့ဈေး ၆၂၀၀၀ နဲ့ သူထုတ်ရောင်းထားတဲ့ ရှယ်ယာ ၃ ဒသမ ၈ မီလျံကို မြှောက်လိုက်တယ်။ အဲဒီမြှောက်လိုက်တဲ့ ကိန်းတွေကို ပေါင်းလိုက်တာက အပေါ်မှာ ပိုင်းဝေပေါ့။ အောက်မှာဆိုရင် သီလဝါစာရင်း ဝင်ခဲ့တဲ့ မေ ၂၀ တုန်းက ဖြစ်ခဲ့တဲ့ဈေးနဲ့ စာရင်းဝင်ထားတဲ့ရှယ်ယာကို မြှောက်တာနဲ့ FMI မတ်၂၅ ရက်တုန်းက ဖြစ်တဲ့ဈေးနဲ့ စာရင်းဝင်ထားတဲ့ ရှယ်ယာကို မြှောက်တာနဲ့ ပြီးရင် အဲဒီနှစ်ခုကို ပေါင်းတာက ပိုင်းခြေ။ ပိုင်းခြေက အမြဲမပြောင်းဘူး။ ပိုင်းဝေကပဲ ပြောင်းသွားတာ။ ပြီးတော့ အဲဒါကို ၁၀၀၀ နဲ့မြှောက်လိုက်ရင် MYANPIX ထွက်လာမယ်။ အဓိကçက နေ့တစ်နေ့မှာ ဘယ်လောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ဘယ်လောက် အတက်အကျ ဖြစ်တယ်ဆိုတာ ခြုံငုံပြီး သိနိုင်တဲ့ကိန်းဖြစ်ပါတယ်။
■ မေး- ရန်ကုန်စတာ့အိတ်ချိန်းမှာ ကျပ် သိန်း ၁၀၀ အထက် အရောင်းအဝယ် လုပ်တယ်ဆိုရင် စစ်ဆေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ- Securities Exchange ကော်မရှင်ကနေ စတော့ဈေးကွက်ကို ထိန်းကျောင်းပေးတာပေါ့။ စတော့အိတ်ချိန်းကော်မရှင်ရဲ့ ညွှန်ကြားချက်အရ ဝယ်ယူသူတစ်ယောက်က စတော့ဈေးကွက်မှာ အရောင်းအဝယ် လုပ်ချင်ရင် Securities ကုမ္ပဏီမှာ စာရင်းဖွင့်ရတယ်။ ဘဏ်ငွေစာရင်းရော Customer အကောင့်ရောဖွင့်ရတယ်။ အဲဒီလိုဖွင့်တဲ့အချိန်မှာ သိန်း ၁၀၀ နဲ့ အထက်ဆိုရင် ကော်မရှင်ကို တင်ပြရတယ်။ Securities ကုမ္ပဏီ က တာဝန်ကျအရာရှိတွေ ကော်မရှင်ကို သတင်းပို့ရတယ်။ သိန်း ၁၀၀ အထက် အရောင်းအဝယ် လုပ်တဲ့သူကိုပေါ့။ အဲဒါက Money Laundring အတွက် ထိန်းတာပေါ့။ပြည်ထဲရေးနဲ့ ဘယ်လိုချိတ်ဆက်တယ်တော့ ကျွန်တော်လည်းမသိဘူး။ SECM မှာတော့ စည်းကမ်းတွေရှိတယ်။ ကျွန်တော်တို့လည်း Report လုပ်ရတာပဲ သိတယ်။
■ မေး- ရှယ်ယာအရောင်းအဝယ်တွေမှာ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး စိစစ်သွားဖို့ရှိသလဲ။
ဖြေ- ကျွန်တော် အခုနကပြောသလိုမျိုးတွေ စစ်တယ်။ နောက်ပြီး ဘဏ်ကနေစစ်တယ်။ သိန်း ၁၀၀၀ အထက် စာရင်းဖွင့်ပြီဆိုတာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ FIU လို့ခေါ်တဲ့ Finicial Intelligence Unit ကို သတင်းပို့ရတယ်။သတင်းပို့တာနဲ့ FIU ကနေ မသင်္ကာရင် အဲဒီသူ့နောက်ကြောင်း ကိုလိုက်မှာပေါ့။ Checking လုပ်တာက နှစ်လိုင်းရှိတယ်။ ဘဏ်ကနေ Check လုပ်တယ်။ သိန်း ၁၀၀၀ ကျော်တာနဲ့ ဘဏ်ကနေ ပြည်ထဲရေးကို သတင်းပို့တယ်။ စတော့ဝယ်မယ်ဆိုရင် သိန်း ၁၀၀ အထက်ဝယ်တယ်ဆိုရင် SECM ကို သတင်းပို့တယ်။ နှစ်ဆင့် စစ်တယ်။ စစ်တာက စစ်တာပေါ့။ မသင်္ကာရင် နောက်ကြောင်းပြန်လိုက်ပေါ့။ စစ်ပြီးတော့ ငွေဖြူဖြစ်တယ်ဆိုမှ ရှယ်ယာ အရောင်းအဝယ် လုပ်ရတာတော့ မဟုတ်ပါဘူး။ သတင်းပို့တာကပို့။ ရှယ်ယာ အရောင်းအဝယ်လုပ်တာ လုပ်။ သူ့ဟာသူ နောက်ကြောင်းလိုက်တာက လိုက်မှာပဲ။ အခုသိန်း ၁၀၀ နဲ့ အရောင်းအဝယ်လုပ်လို့ ချက်ချင်း စစ်ဆေးရမယ်လို့ မဆိုလိုဘူး။ နောက်ကြောင်းလိုက်ဖို့ဟာက သူတို့ တာဝန်ရှိပါတယ်။
■ မေး-YSX မှာ Insider တွေဝင်ပြီး ရှယ်ယာဝင်ကစားလို့ မရအောင် ဘယ်လို လုပ်ဆောင်ထားပါသလဲ။
ဖြေ-Insider Rules တွေက Securities Exchange Law အရ စည်းမျဉ်းထုတ်ပြီးသားပါ။ Insider ထဲမှာလည်း ပါပြီးသား။ Insider ဆိုတာက ကုမ္ပဏီတစ်ခုရဲ့ ဌာနအကြီးအကဲတွေ၊ သူတို့ကို စာရင်းစစ်တဲ့ ကုမ္ပဏီတွေ၊ သူတို့နဲ့နီးစပ်တဲ့ ဖြစ်နိုင်တဲ့သူတွေပေါ့။ သူတို့တွေအားလုံး Insider မလုပ်ပါဘူး ဆိုတာကို Aggrement ချုပ်ထားရတယ်။မိရင်လည်း သူတို့ကို ဥပဒေကြောင်းအရ အရေးယူရမှာပါ။
■ မေး- Securities ကုမ္ပဏီ နောက်ထပ် ဘယ်နှခု လိုင်စင် ထပ်ချထားပေးဖို့ရှိလဲ။
ဖြေ- လိုင်စင်ချပေးတာက ှSECM လုပ်တာ။ ကျွန်တော်ဘက်က လိုင်းစင်ချခွင့် မရှိဘူး။အခုလက်ရှိက ငါးခု လုပ်ဆောင်နေတယ်။အဲဒါက SECM နဲ့ပဲဆိုင်ပါတယ်။လိုင်စင်လျှောက်ထားတာ Short List လုပ်တာက သူတို့ဆီမှာရှိတယ်။ သူတို့ကအမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဆိုတော့။
■ မေး-နောက်ထပ် Listede လုပ်ဖို့အတွက် ဘယ်ကုမ္ပဏီတွေကို ရွေးချယ်ထားလဲ။
ဖြေ- စာရင်းဝင်ဖို့အတွက် လက်ရှိ Listed Examination စစ်နေတာက ဘဏ်တစ်ခုရှိတယ်။သူတို့လည်း မကြာခင် တစ်လနှစ်လအတွင်း ပြီးမယ်လို့ ယူဆရပါတယ်။အချိန်အတိအကျ မသိနိုင်ပါဘူး။
■ မေး-ရှယ်ယာဈေးနှုန်း အတက်အကျ မကြမ်းအောင် ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ-ရှယ်ရာဈေးနှုန်ူး အတက်အကျ မကြမ်းအောင် ကျွန်တော်တို့ဘက်က Range တစ်ခုနဲ့ ထိန်းထားပါတယ်။တစ်နေ့တာအတွင်းမှာ ဘယ်လောက်ပဲ မြင့်ရမယ်။ဘယ်လောက်ပဲ ကျရမယ်ဆိုတဲ့ Range တစ်ခုနဲ့ထိန်းထားတယ်။အဲဒီထက်ပိုလို့ မရဘူး။ အဲဒီထက် လျှော့လို့ မရဘူး။ ဈေးနှုန်း အတက်အကျဆို တာကလည်း Customer တွေက ကုမ္ပဏီပေါ်မှာရှိတဲ့ ခံစားချက်ပေါ်မှာ မှုတည်ပါတယ်။အတက်အကျကြမ်းတာ မဟုတ်ပါဘူး ။ဝယ်တဲ့သူတွေက သတ်မှတ်ထားတဲ့ Range ထဲမှာပဲ ပေးဝယ်လို့ရတယ်။အဲ့ဒါက ဈေးကွက်ရဲ့ သဘောတရားအပေါ် မှုတည်ပါတယ်။ဒါက တန်လား၊ မတန်လားဆိုတာ Customer က ဆုံးဖြစ်ရမှာပဲ။စတော့ဈေးတက်တယ်၊ ကျတယ်ဆိုတာက ကျွန်တော်တို့က ဘောင်တစ်ခုနဲ့ပဲ ထိန်းထားတယ်။ Supply and Demand ပေါ်မှုတည်ပြီး ဈေးနှုန်းကဖြစ်သွားတာပါ။ဝယ်သူတွေဘက်ကဖြစ်တဲ့ စိတ်ခံစားချက်ကိုတော့ သွားထိန်းချုပ်လို့မရဘူး။ သူတို့မဝယ်ချင်တဲ့ အပေါ်မှာမှုတည်ပြီး ဈေးက ကျသွားမှာ ပဲ။ဒါ ဈေးကွက်ရဲ့ သဘောတရားပဲ။ကိုယ့်ဘက် ခန့်မှန်းရမှာက ဘယ်ချိန်မှာ တက်နိုင်ခြေရှိပြီး ဘယ်ချိန်မှာကျနိုင်ခြေ ရှိတယ်ဆိုတာကို ခန့်မှန်းရမှာပေါ့။စတော့နဲ့ပတ်သတ်လို့တွေ ဘယ်လောက် ဗဟုသုတရှိလည်း ဆိုတာပေါ်မှာလည်း မှုတည်ပါတယ်။
■ မေး- ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသလဲ။
ဖြေ-ဘာမှတော့ ပြောစရာ မရှိတော့ပါဘူး။ ကျေးဇူးတင်ပါတယ်။