အင်းတော်မြို့နယ် ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင် ကချင်မန္တလာ ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

အင်းတော်မြို့နယ် ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင် ကချင်မန္တလာ ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
Published 28 May 2016
စိုးစံ (အင်းတော်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင် မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ကချင်မန္တလာ ခရီးသည်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မေလ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ရဲအုပ်မင်းသိန်းထွန်းသည် ပင်ဝယ်ရဲကင်းမှူးတာဝန် ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း ပင်ဝယ်ရွာနှင့် ပင့်တင်ရွာကြားတွင်ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း မိုင်တိုင်အမှတ် ၁၅၀/၄ နှင့် ၅ ကြားတွင် အရှည်ကြီး မောင်းနှင်လာသော 5H/---- (၆)ဘီး UD ယာဉ်သည် လမ်း၏ယာဘက်တွင် မန္တလေးဘက်သို့ ဦးခေါင်းလှည့်ပြီး ရပ်နားထားစဉ် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ အငယ်လေး(ခ)နိုဘီ မောင်းနှင်လာသော 5G/---- အန်စာတုံး ကချင်မန္တလာ ခရီးသည်ယာဉ်မှ ရပ်ထားသော 5H/---- ယာဉ်၏ နောက်ဘက်ခြမ်းသို့ ဝင်တိုက်ရာ ယာဉ်မောင်း အငယ်လေး(ခ)နိုဘီနှင့် ခရီးသည် ကိုမြတ်သူတို့ သေဆုံးခ့ြဲပီး ကျန်ခရီးသည် (၁၁)ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။အင်းတော်ဆေးရုံးတွင် တက်ရောက်ကုသမှု ခံယူနေသော ဦးစံဖြိုး(၆၅)ဘဦးသာကြည် ကြုံကတုတ်ရွာ ကန်ကြီးဒေါင့်မြို့နယ်နေသူ၊ ရန်နိုင်အေး (၂၇) ဘ ဦးအေး ပြင်ဦးလွင်မြို့နေသူနှင့် ကိုဝင်းနိုင် (၄၃) ဘ ဦးဈေးသာရွာနတ်မောက်မြို့နယ်နေသူတို့မှာ (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်နေကြောင်း အင်းတော်ဆေးရုံမှ စုံစမ်းသိရှိရသည်။ထို့ကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အငယ်လေး (ခ) နိုဘီ (၂၈) ဘ ဦးဂျူလိုင် စမ်းချောင်းရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းနေသူအား အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းမှ လူသေဆုံး ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်မှု ယာဉ်(ပ)၈/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent