သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန တို့၏ အမည်များအား ပြောင်းလဲ ပြင်ဆင်ရန် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားမှုအပေါ် မေ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများက တင်ပြခဲ့သည်။ထိုသို့ အမည်ပြောင်းလဲ ပြင်ဆင်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟု လည်းကောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအား တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနဟု လည်းကောင်း အသီးသီး ပြင်ဆင်မည် ဖြစ်သည်။ကျန်းမာရေး ဝန်ကြီးဌာနနှင့် ယခင် အားကစား ဝန်ကြီးဌာနတို့ကို ပေါင်းစပ်၍ ဖွဲ့စည်းမည့် ဝန်ကြီးဌာန အမည်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဟု ပြောင်းလဲ ခေါ်ဆိုရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့် အားကစားသည် လုပ်ငန်းသဘောအရ အလွန် သဟဇာတ ကျသည်ဟု ထင်ကြောင်း၊ အားကစားလုပ်မှ ကျန်းမာမည်၊ ကျန်းမာမှ အားကစား လုပ်နိုင်မည် ဖြစ်သည့်အတွက် အဆိုပါ နှစ်ချက်သည် တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်စပ် အားပြုနေကြောင်း၊ အားကစား လုပ်ခြင်း စိတ်ဓာတ်ကို ကျောင်းများတွင် အရှိန်အဟုန် မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါစသည့် ရောဂါများနှင့် အသက်ကြီးလျှင် ဖြစ်တတ်သော ရောဂါ အမျိုးမျိုး ဖြစ်ပွားမှုနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ယခု လုပ်ဆောင်နေသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် အားကစားကဏ္ဍ ထည့်သွင်းခြင်း ပံ့ပိုးသည့် ကိစ္စတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ကိစ္စများ စီမံခန့်ခွဲရာ၌ ပိုမို လွယ်ကူပြီး လျင်မြန်စွာ လုပ်နိုင်မည် ဖြစ်သဖြင့် ကုန်ကျစရိတ် အနည်းဆုံးနှင့် အကျိုးဖြစ်ထွန်းမည့် အခြေအနေကို ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။အလားတူ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း သို့ရာတွင် အဆိုပါ ဥပဒေတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းချက်များ ပါဝင်သဖြင့် ဥပဒေနှင့်အညီ ဖြစ်စေရန် မူလ ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအမည် ပြောင်းလဲ ပြင်ဆင်ရန် တင်ပြရခြင်းဖြစ်ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတို့၏ အမည်များ ပြောင်းလဲ ပြင်ဆင်ရန် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများက လွှတ်တော်သို့ တင်ပြ















