မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေ၍ နိုင်ငံခြားငွေဖြင့် စီမံကိန်းများ ချုပ်ဆိုသည့် နေ့၏ ငွေလဲနှုန်းကို လွှတ်တော်က အတည်ပြုထားခဲ့ပါက အမှန်တကယ် ပေးချေသည့် အခါ ကိန်းဂဏန်း ကွာဟမှု ရှိလာနိုင်ပြီး ငွေကြေးဆိုင်ရာ မသမာမှုများနှင့် အလွဲသုံးစား လုပ်ရန် ခွင့်ပြုပေးသကဲ့သ

မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေ၍ နိုင်ငံခြားငွေဖြင့် စီမံကိန်းများ ချုပ်ဆိုသည့် နေ့၏ ငွေလဲနှုန်းကို လွှတ်တော်က အတည်ပြုထားခဲ့ပါက အမှန်တကယ် ပေးချေသည့် အခါ ကိန်းဂဏန်း ကွာဟမှု ရှိလာနိုင်ပြီး ငွေကြေးဆိုင်ရာ မသမာမှုများနှင့် အလွဲသုံးစား လုပ်ရန် ခွင့်ပြုပေးသကဲ့သ
Published 18 May 2016
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေ၍ နိုင်ငံခြားငွေဖြင့် စီမံကိန်းများ ချုပ်ဆိုသည့် နေ့၏ ငွေလဲနှုန်းကို လွှတ်တော်က အတည်ပြုထားခဲ့ပါက အမှန်တကယ် ပေးချေသည့် အခါ ကိန်းဂဏန်း ကွာဟမှု ရှိလာနိုင်ပြီး ငွေကြေးဆိုင်ရာ မသမာမှုများနှင့် အလွဲသုံးစား လုပ်ရန် ခွင့်ပြုပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ထောက်ပြမြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေသည့်အတွက် နိုင်ငံခြားငွေဖြင့် စီမံကိန်းများ ချုပ်ဆိုသည့် နေ့၏ ငွေလဲလှယ်နှုန်းကို လွှတ်တော်က အတည်ပြုထားခဲ့ပါက အမှန်တကယ် ပေးချေသည့် အခါ ကိန်းဂဏန်း ကွာဟမှုများ ရှိလာနိုင်ပြီး ငွေကြေးဆိုင်ရာ မသမာမှုများနှင့် အလွဲသုံးစားလုပ်ရန် ခွင့်ပြုပေးသကဲ့သို့ ဖြစ်နေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ဆွေးနွေးခဲ့သည်။မေ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနများအတွက် ချေးယူရန်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ဦးသန်းစိုးက “အခုလို မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်နေလို့ နိုင်ငံခြားငွေနဲ့ စီမံကိန်း ချုပ်ဆိုတဲ့ နေ့ရဲ့ ငွေလဲလှယ်နှုန်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားမယ် ဆိုရင် အမှန်တကယ် ပေးချေတဲ့အခါ ကိန်းဂဏန်း ကွာဟမှုတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒီ ကွာဟမှုကနေ ငွေကြေးဆိုင်ရာ အလွဲသုံးစား လုပ်ဖို့ ခွင့်ပြုပေးသလို ဖြစ်နေနိုင်ပါတယ်” ဟု ဆွေးနွေးသည်။ဆက်လက်၍ “ငွေပေးချေမယ့် သက်ဆိုင်ရာ ဦးစီးဌာနက အဲဒီ ပိုက်ဆံကို နိုင်ငံတော်ကို ဘယ်လို ပြန်အပ်သလဲ။ လိုတဲ့ ငွေကျတော့ RE မှာ ထည့်တောင်းမယ်။ အမှန်ပေးချေရာမှာ မြန်မာငွေကြေး ခိုင်မာလာခဲ့တာနဲ့အမျှ ပိုတဲ့ငွေကို ချက်ချင်းပဲ ဌာနမှာ ပြန်လည် အပ်နှံရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် ထွက်ပေါ်လာတဲ့ ကုန်ကျစရိတ် ကိန်းဂဏန်း ကွာဟမှုတွေကို ဘယ်လို စီမံမလဲ။ စိစစ်မလဲ ဆိုတာကို ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု ဆွေးနွေးသည်။ငွေလဲလှယ်နှုန်းသည် စာချုပ် ချုပ်ဆိုချိန် ငွေလဲလှယ်နှုန်း၊ ပစ္စည်း လက်ခံချိန် ငွေလဲလှယ်နှုန်း၊ ငွေပေးချေသည့်အချိန် ငွေလဲလှယ်နှုန်းဆိုပြီး ရှိကြောင်း၊ နှုန်းသေ သတ်မှတ်ထား၍ မဖြစ်နိုင်ကြောင်း ဆွေးနွေးသည်။သဘာ၀ ဘေးအတွက် ပြန်လည် ထူထောင်ရေးဆိုင်ရာ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ဖြစ်သည့် လမ်း၊ တံတားများ အတွက် ချေးငွေယူရန် လွှတ်တော်သို့ တင်ပြသည့် အချိန်တွင် အမေရိကန် တစ်ဒေါ်လာအား မြန်မာငွေ ကျပ် ၁၂၀၀ ဖြင့် လာရောက် တင်ပြထားကြောင်း၊ ယင်းနေ့တွင် ငွေလဲလှယ်နှုန်းသည် ၁၁၈၆ ကျပ် ရှိသည့်အတွက် ငွေကြေးပမာဏ ကွာဟနေကြောင်း ဦးသန်းစိုးက ဆွေးနွေးသည်။“ဝန်ကြီးဌာနတွေ အနေနဲ့ ဒေါ်လာနှုန်းထား မူဘောင်နဲ့ ပတ်သက်ပြီး လိုက်နာ ကျင့်သုံးရမယ့် တစ်ပြေးညီ စည်းကမ်း၊ စည်းမျဉ်း သတ်မှတ်ချက် ထုတ်ပြန်ထားမှု ရှိ မရှိ။ သက်ဆိုင်ရာ ဌာနတွေနဲ့ စာရင်းစစ် အဖွဲ့က ကိုးကား စစ်ဆေးခြင်း ရှိ မရှိ အပိုင်းကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ဆွေးနွေးသည်။ကျပ်ငွေတန်ဖိုးသည် ဆက်လက် တက်နေဦးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ထောက်ပံ့ငွေ ချေးငွေ၊ အစိုးရ အသုံးစရိတ်များ ယိုဖိတ်မှု နည်းလာရေးအတွက် စိစစ် ကြပ်မတ်လာခြင်း၊ တရားမဝင် ငွေကြေး ခဝါချမှုကို အနည်းနှင့်အများ ကိုင်တွယ်လာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု များလာသည်နှင့် အမျှ ဒေါ်လာအား ကျပ်ငွေဖြင့် Convert လုပ်နိုင်သည့်အတွက် ကျပ်ငွေ လိုအပ်ချက် မြင့်မားနေသကဲ့သို့  ကျပ်ငွေတန်ဖိုး တက်လာနိုင်ခြေ ရှိနေကြောင်း ဦးသန်းစိုးက ဆွေးနွေးသည်။“အဲ့ဒီ အချက်တွေကို သက်သေပြနိုင်ဖို့ (Other Assumption) အနေနဲ့ အစိုးရ သုံးငွေ လိုအပ်ချက်တိုင်းကို ဗဟိုဘဏ်က ငွေစက္ကူ  ရိုက်နှိပ် ထုတ်ဝေမှု မရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကျပ်ငွေတန်ဖိုး တက်လာလို့ရှိရင် ဘတ်ဂျက် အသုံးစရိတ် လျာထားမှုတွေ အားလုံး ပြောင်းလဲသွားနိုင်ပါတယ်။ ယိုပေါက်တွေကို ဖာထေးသွားနိုင်လို့ ရှိရင် ဘဏ္ဍာငွေ ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ခိုင်မာလာတဲ့ အတွက်ကြောင့် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းနဲ့ တွက်ချက်လိုက်လို့ရှိရင် ပိုထွက်လာတဲ့ ကုန်ကျစရိတ်ငွေတွေကို ဘယ်လို စီမံထားလဲဆိုတဲ့ အပိုင်းကို မတွေ့ရလို့ ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု ဦးသန်းစိုးက ဆွေးနွေးသည်။

Most Read

Most Recent