ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး လှည့်လည်ရောင်းချမှုနှင့် ဆက်စပ်သည့် ရဲတပ်ကြပ်တစ်ဦး ဆိုသူအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖမ်းဆီး ရမိပြီး စစ်ဆေးနေ

ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး လှည့်လည်ရောင်းချမှုနှင့် ဆက်စပ်သည့် ရဲတပ်ကြပ်တစ်ဦး ဆိုသူအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖမ်းဆီး ရမိပြီး စစ်ဆေးနေ
Published 8 May 2016
အောင်ကျော်ထက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး လှည့်လည်ရောင်းချမှုနှင့် ဆက်စပ်သည့် ရဲတပ်ကြပ်တစ်ဦး ဆိုသူအား မေ ၆ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် Junction (ဇဝန) ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် မှုခင်းရဲတပ်ဖွဲ့မှ သိရသည်။အဆိုပါ ဖမ်းဆီးမိသည့် ရဲတပ်ကြပ်မှာ ရဲတပ်ကြပ်ကြီး ကျော်ဇင်သိုက်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့(၂၄)မှ မြန်မာ့သိုင်းအားကစား တာဝန်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တွဲဖက်တာဝန် ယူထားသူဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ၎င်းတပ်ကြပ်ကြီးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ ရောင်းချနေသည့် သတင်းရရှိထား၍ ရဲတပ်ဖွဲ့မှ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ မေ ၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် Junction (ဇဝန) ရှေ့တွင် တစ်ဦးတည်း လမ်းလျှောက်လာသည်ကို တွေ့၍ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ စစ်ဆေးရာတွင် ၎င်းခန္ဓာကိုယ်ပေါ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း မတွေ့ရှိသဖြင့် ရပ်ထားသည့် ၎င်းဆိုင်ကယ်အား ထပ်မံ စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၀ နှင့် မူးယစ်ဆေးဝါး ရောင်းချလို့ ရထားသည့် ငွေကျပ် ၁၆ သိန်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။“အရင်ကတည်းက သူ မူးယစ်ဆေးဝါး ရောင်းချနေတယ် ဆိုတာကို သတင်းရထားတယ်။ ဒါကြောင့် သူ့ကို စောင့်ကြည့်နေခဲ့ကြတာ။ ကျွန်တော် သင်္ဃန်းကျွန်း ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခရိုင် မူးယစ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း ဖမ်းဆီးခဲ့တာပါ။ လောလောဆယ်တော့ သူ့ကို စစ်ဆေးနေဆဲပဲ။ သူနဲ့ ဆက်နွှယ်နေတဲ့ သူတွေကိုပါ ဖမ်းဆီးရမိဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက မေ ၇ ရက်တွင် ပြောကြားသည်။ လက်ရှိ အချိန်တွင် မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်ကြပ်ကြီး ကျော်ဇင်သိုက်အား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ မူးယစ် (ပ) ၁၇/၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၀(က) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ ဆက်လက်၍ ၎င်းနှင့် ဆက်နွှယ်နေသည့် မူးယစ် တရားခံများအား ဖမ်းဆီးရမိရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent