ရေတွင်းရေ ဆယ်ယူရာမှ လူ ၄ ဦး သေဆုံး

ရေတွင်းရေ ဆယ်ယူရာမှ လူ ၄ ဦး သေဆုံး
Published 18 April 2016

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်က ရေတွင်းရေ ဆယ်ယူရာမှ လူ ၄ ဦး သေဆုံးကာ ၁ ဦးမှာ နွားထိုးကြီး ဆေးရုံသို့ တင်ပို့ကုသနေကြောင်း ကန္နားနယ်မြေ ရဲစခန်းမှ သိရသည်။စစ်ဆေးချက်အရ မကျည်းကုန်းရွာတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းရှိန်၏ နေအိမ်ဝိုင်းအတွင်း ရှိသည့် အနက် ၃၀ ပေ၊ အကျယ် ၃ ပေပတ်လည်ရှိသော ရေတွင်းအား ဦးသန်းရှိန်နှင့်သားများ ဖြစ်သည့် နိုင်မိုး ၂၆ နှစ်၊ မိုးလင်း ၂၄ နှစ်၊ တစ်ရွာတည်း နေထိုင်ကြသည့် ဇော်ဦး ၂၈ နှစ်၊ မြမွှေး ၃၃ နှစ်တို့က ရေတွင်းအတွင်း ဆင်းပြီး ရွှံ့နွံများ ဆယ်ယူစဉ် အောက်ဆီဂျင်ပြတ်သွားသောကြောင့် ဦးသန်းရှိန်၊ နိုင်မိုး၊ ဇော်ဦးနှင့် မြမွှေးတို့ လေးဦးမှာ သေဆုံးခဲ့ပြီး မိုးလင်းမှာ နွားထိုးကြီး ဆေးရုံတွင် တင်ပို့ ကုသရကြောင်း သိရသည်။