မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသတွင် တောမီးလောင်ကျွမ်းရာမှတဆင့် နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ မောတောင်ကျေးရွာ၊ အောင်ဇေယျရွာတွင် ဧပြီလ ၁၇ ရက်နေ့က တောမီးလောင်ကျွမ်းခဲ့ပြီး တောမီးမှာ လူနေအိမ်များ အနီးသို့ ရောက်ရှိလာပြီး အောင်ဇေယျရပ်ကွက်ရှိ သက္ကာမိုး၊ ထရံကာနေအိမ် ၄ လုံးအား မီးကူးစက်ခဲ့ကြောင်း သိရသည်။
“မောတောင်မှာ တောမီးတွေရှို့တာရော၊ ရာသီဥတု ပူပြင်းတာကြောင့်ရော တောမီးတွေ မကြာခဏ လောင်နေတယ် တောမီးရှို့တဲ့ သူတွေကလည်း မီးလိုင်းတွေ မဖြတ်ထားခဲ့တာကြောင့် မီးလောင်မှုတွေ ပိုများလာတယ်။ တောမီးလောင်တာကြောင့် ထိုင်းနိုင်ငံထဲက မီးသတ်ကားတွေတောင် လာငြှိမ်းသတ်ရတယ်။ အခုလည်း ထိုင်းနိုင်ငံက မီးသတ်ကားတွေ မီးလာငြှိမ်းပေးတယ်။ မောတောင်က မီးသတ်ကားနှင့် ရေသယ်ကား ၄ စီးလောက် လာငြှိမ်းသတ်ပေးတယ် ဒေသခံ တစ်ရာကျော်လောက်ကလည်း ဝိုင်းကူငြိမ်းပေးခဲ့ရတယ်” ဟု မောတောင်ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။မီးလောင်ကျွမ်း ခံခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား မောတောင်ဒေသ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး ကုမ္ပဏီများမှလည်း ကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ တနင်္သာရီရိုးမအတွင်း သစ်ခိုးထုတ်ခြင်း၊ တောမီးရှို့ခြင်းများ မကြာခဏ ပြုလုပ်နေပြီး သဘွတ်လိပ်ကျေးရွာတွင်လည်း ဧပြီလတွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသတွင် ဧပြီ ၁၇ ရက်က တောမီးလောင်ကျွမ်းရာမှတဆင့် နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့