သံသတ္တုရိုင်း ပမာဏ တန်ချိန် သန်း ၇၀ ခန့် ခိုအောင်းနေပြီး တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်နိုင်မည့် ပင်းပက် သံမဏိစက်ရုံ ဒုတိယအဆင့် စမ်းသပ် လည်ပတ်နေကာ ယခုနှစ် ဇူလိုင် လဆန်းတွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ

သံသတ္တုရိုင်း ပမာဏ တန်ချိန် သန်း ၇၀ ခန့် ခိုအောင်းနေပြီး တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်နိုင်မည့် ပင်းပက် သံမဏိစက်ရုံ ဒုတိယအဆင့် စမ်းသပ် လည်ပတ်နေကာ ယခုနှစ် ဇူလိုင် လဆန်းတွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ
Published 21 March 2016

သံသတ္တုရိုင်း ပမာဏ သန်း ၇၀ ခန့် ခိုအောင်းနေပြီး တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်နိုင်မည့် ပင်းပက် သံမဏိစက်ရုံ စီမံကိန်း၏ ဒုတိယအဆင့် စမ်းသပ် လည်ပတ်နေပြီး ယခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လဆန်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း စက်မှု ဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ် (၂) သံမဏိစက်ရုံ  (ပင်းပက်) ၌ ကျင်းပသည့် ဒုတိယအဆင့် စက်ရုံ စမ်းသပ် လည်ပြတ်ခင်းကို မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်ခဲ့သည်။အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို တောင်ကြီးမြို့နယ် ပင်းပက်ဒေသတွင် ရှာဖွေ တွေ့ရှိခဲ့သည့် သံသတ္တုရိုင်းသိုက်ကို အခြေခံ၍ ၂၀၀၅ ခုနှစ်မှ စီမံကိန်း စတင်ခဲ့ကြောင်း သိရသည်။ပင်းပက်ဒေသတွင် ရှာဖွေ တွေ့ရှိခဲ့သည့် သံသတ္တုရိုင်းသိုက်တွင် သံပါဝင်မှု အချိုးအစားမှာ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ ဘူမိဗေဒ ပညာရှင်တို့ ပူးပေါင်း တွက်ချက်မှုများအရ သံပါဝင်မှု ၅၆ ဒသမ ၄ ရာခိုင်နှုန်း ရှိသော Hematite နှင့် သံပါဝင်မှု ၄၂ ဒသမ ၆ ရာခိုင်နှုန်းရှိသော Limonite နှစ်မျိုး ပါဝင်ပြီး စုစုပေါင်း သံသတ္တုရိုင်း ပမာဏ တန်ချိန် သန်း ၇၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း ဦးမောင်မြင့်က ပြောကြားသည်။လျှပ်စစ် သံရည်ကျိုနည်းစဉ်နှင့် သံကို တိုက်ရိုက် ဓာတ်လျှော့ နည်းစဉ်များကို အသုံးပြု၍ ဆောင်ရွက်လျှင် သံပါဝင်မှု မြင့်မားသည့် ကုန်ကြမ်းနှင့် အရည်အသွေးမြင့် ကျောက်မီးသွေးများ လိုအပ်သည့်အတွက် ပင်းပက်ဒေသရှိ သံသတ္တုရိုင်းသိုက်၏ အရည်အသွေးနှင့် အသင့်တော်ဆုံးဖြစ်သည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Tyazhpromexport ကုမ္ပဏီ၏ Romelt Process အား ရွေးချယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မြင့်က ဆက်လက်ပြောကြားသည်။သံသတ္တုရိုင်း ပမာဏ သန်း ၇၀ ခန့် ခိုအောင်းနေပြီး တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်နိုင်မည့် ပင်းပက် သံမဏိစက်ရုံ စီမံကိန်း၏ ဒုတိယအဆင့် စမ်းသပ် လည်ပတ်နေပြီး ယခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လဆန်းတွင် စတင် လည်ပတ်သည်နှင့် ပင်းပက်ဒေသ၏ ပထမဆုံး သံရည်ကျိုမီးဖို ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) စတင် လည်ပတ်ပါက သံရည်ကျိုစဉ် ထွက်ရှိလာမည့် စွန့်ပစ် အပူမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စက်ရုံ အနေဖြင့် ၂၅ မဂ္ဂါဝပ် သုံးစွဲကာ ပိုလျှံသည့် ၁၅ မဂ္ဂါဝပ်ကို မဟာဓာတ်အားလိုင်းသို့ ပေးပို့သွားမည်ဖြစ်သည်။

Most Read

Most Recent