စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံ့ဘဏ္ဍာသို့ ထည့်ဝင်မှုမရှိဘဲ ထိန်းသိမ်းထားသည့် ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်းမှာ လေးနှစ်အတွင်း ကျပ် ၂ ဒသမ ၄ ထရီလျံခန့်ရှိနေပြီး အဆိုပါငွေများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စွမ်းအင်ဝန်ကြီးဌာန၏ အသုံးစရိတ်အဖြစ် အသုံးပြုမည်ဟုဆို
စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံ့ဘဏ္ဍာသို့ ထည့်ဝင်မှုမရှိဘဲ ထိန်းသိမ်းထားသည့် ကိုယ်ပိုင်ဘဏ္ဍာငွေ ရန်ပုံငွေစာရင်းမှာ လေးနှစ်အတွင်း ကျပ် ၂ ဒသမ ၄ ထရီလျံခန့်အထိ ရှိနေပြီး အဆိုပါငွေများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အသုံးစရိတ်အဖြစ် အသုံးပြုရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးသန်းထွန်းအောင်က ပြောကြားသည်။
နိုင်ငံပိုင် လုပ်ငန်းများအားလုံးတွင် ဘတ်ဂျက်သို့ မရောက်ရှိသည့် သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေများရှိနေပြီး အဆိုပါ ငွေများသည် ဝန်ကြီးဌာနများကို အစိုးရထက် ပိုမိုအားကောင်းလာသည့် အခြေအနေသို့ ဖြစ်ပေါ်စေကာ အကျင့်ပျက် လာဘ်စားမှုများ ပိုမိုမြင့်တက်လာစေနိုင်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်လည်း ထိုသို့သော အခြေအနေများအပေါ် စိုးရိမ်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် National Re-source Governance Institute - NRGI ၏ Gilded Gatekeepers : Myanmar's State-Owned oil and Mining Enterprises အစီရင်ခံစာ မိတ်ဆက်ပွဲတွင် NRGI မှဒါရိုက်တာ Mr.Patrick Heller ကပြောကြားသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် အမှတ် ၁၊ ၂၊ ၃ သတ္တုတွင်းလုပ်ငန်း စသည့်နိုင်ငံပိုင် လုပ်ငန်းကြီးများမှ နိုင်ငံဘတ်ဂျက်သို့ ထည့်သွင်းဖော်ပြမှု မရှိသည့် သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်ခုတည်းပင်လျှင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ( ကျပ်ငွေ ၁ ဒသမ ၅ ထရီလျံ) အထိ စုဆောင်းခဲ့ကြောင်းနှင့် ထိုသို့နိုင်ငံ၏ ပုံမှန်ဘတ်ဂျက်များတွင် မပါဝင်သည့် ဝန်ကြီးဌာနများ၏ သီးခြားငွေစာရင်းမှ ငွေများသည် ငွေကြေးမည်မျှအထိ ရှိနေပြီဖြစ်ကြောင်း အချို့သော ငွေစာရင်းများတွင် ဒေါ်လာသန်းရာနှင့်ချီ၍ ရှိနေနိုင်ပြီး အချို့သော ငွေစာရင်းများတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရှိနေနိုင်သည်ဟု အမေရိကန်နိုင်ငံအခြေစိုက် NRGI ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
လက်ရှိထုတ်ပြန်ခဲ့သည့် ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာ့ EITI အစီရင်ခံစာတွင် ဖော်ပြ ချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်ကြမ်းထုတ်ယူမှု အကြီးအကျယ် ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင်လုပ်ငန်းကြီးငါးခုသည် ၎င်းတို့၏ သီးသန့်ငွေစာရင်းများသို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ (ကျပ်ငွေ ၁ ဒသမ ၅ ထရီလျံ) အထိ စုဆောင်းခဲ့ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တစ်ခုတည်းကပင်လျှင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအထိ စုဆောင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ထိုသို့ နိုင်ငံ့ဘတ်ဂျက်တွင် ပါဝင်မှုမရှိသည့်ငွေများနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အသုံးစရိတ်မှာ ဒေါ်လာသန်း ၇၅၀ သာရှိကာ ပညာရေးအတွက် အသုံးပြုငွေမှာ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံသာရှိကြောင်း အစီရင်ခံစာတွင် နှိုင်းယှဉ်ဖော်ပြထားသည်။
“ခန့်မှန်းခြေ ၂ ဒသမ ၄ ထရီလျံလောက်ရှိမယ်။ ဒီငွေတွေကို ကျွန်တော်တို့က စာရင်းစစ်ချုပ်ရုံးရဲ့ ခွင့်ပြုချက်နဲ့ နောက်ဘဏ္ဍာနှစ်အတွက် သယ်ဆောင်သွားရပြီး လွှတ်တော်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အညီ သုံးရပါတယ်။ ကျွန်တော်တို့ရဲ့ Others Account စာရင်းက မနှစ်ကလည်းရှိတယ်။ အခုလည်းရှိတယ်။ သို့သော် ကျွန်တော်တို့သည် ၂၀၁၆-၂၀၁၇ ကစပြီး ကိုယ့်ဝန်ကြီးဌာနအတွက် ကိုယ့်ငွေနဲ့ကိုယ် လည်ပတ်ရတော့မယ်။ ဒီလို ကိုယ့်ငွေကိုယ် သုံးတယ်ဆိုရာမှာလည်း လွှတ်တော်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်နဲ့အညီ သုံးရပါတယ်” ဟု ဦးသန်းထွန်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပထမအကြိမ် EITI အစီရင်ခံစာ၌ နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းမှုမရှိသည့် ဝန်ကြီးဌာနများ၏ ဘဏ်အပ်ငွေကဲ့သို့သော Others Account စာရင်းများ အများအပြား ဖော်ပြထားပြီး ထိုသို့ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးကြီးသည့် တွင်းထွက်သယံဇာတမှ ရငွေများ မည်သို့စီးဆင်းသည်ကို သိရှိရန် ပွင့်လင်းမြင်သာသော အခြေအနေသို့ ရောက်ရှိရန် အရေးကြီးနေသည်။ ထို့ကြောင့် EITI အစီရင်ခံစာ ထုတ်ပြန်ရာတွင် တွင်းထွက်သယံဇာတဆိုင်ရာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ Others Account ငွေစာရင်းများ တည်ထောင်ထားရှိမှုနှင့် စီမံခန့်ခွဲမှုအတွက် ဥပဒေမူဘောင်တစ်ခု ပြဋ္ဌာန်းပေးသင့်ပြီး နောင်အနာဂတ် အစီရင်ခံစာများတွင် Others Account ဘဏ်စာရင်းအတွင်းရှိ စုဆောင်းထားသော ငွေပမာဏများကို ဖော်ပြရန်သာမက ထိုစာရင်းများမှ ငွေများကို မည်သို့စီမံခန့်ခွဲနေသည်ကို ဖော်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့က အကြံပြုထားသည်။
စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံ့ဘဏ္ဍာသို့ ထည့်ဝင်မှုမရှိဘဲ ထိန်းသိမ်းထားသည့် ကိုယ်ပိုင်ဘဏ္ဍာ ရန်ပုံငွေစာရင်းမှာ လေးနှစ်အတွင်း ကျပ် ၂ ဒသမ ၄ ထရီလျံခန့်ရှိနေပြီး အဆိုပါငွေများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စွမ်းအင်ဝန်ကြီး










