၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၄၄ ခုမှ မြှုပ်နှံမှု ဒေါ်လာသန်း ၃၀၀၀ နီးပါး ရရှိထား

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၄၄ ခုမှ မြှုပ်နှံမှု ဒေါ်လာသန်း ၃၀၀၀ နီးပါး ရရှိထား
Published 19 March 2016
မြတ်စုနိုင်၊အေးမို့မို့အောင်သူ

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၄၄ ခုမှမြှု ပ်နှံမှု အမေရိကန်ဒေါ်လာ ၂၈၈၂ သန်းရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
 
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အဆင့် (၇) နေရာတွင်ရှိပြီး စီမံကိန်း ၅၉ ခုမှ မြှုပ်နှံမှု ဒေါ်လာ ၂၂၈၂ သန်းရှိကြောင်း သိရသည်။
 
နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့်လည်း အဆင့် (၂) နေရာတွင်ရှိပြီး စီမံကိန်း ၈၅ ခုမှ မြှုပ်နှံမှု ဒေါ်လာ ၅၉၉ သန်းရှိကြောင်း သိရသည်။
 
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဟိုတယ်အလုံးရေ ၁၂၉၁ လုံးနှင့် အခန်းပေါင်း ၅၀၃၆၂ ခန်းအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
 
ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ၌ လာရောက်ရင်းနှီးမြှုပ်နံှရာတွင်လည်း နိုင်ငံခြားသားကုမ္ပဏီ တစ်ခုနှင့် နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ (ဖက်စပ်) ၃၉ ခုတို့ကို လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။
 
ထို့ပြင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် နိုင်ငံခြားသား သီးသန့်ရင်းနှီးမြှုပ်နှံမှုများသာမက နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများပါ တိုးလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
 
မြန်မာနိုင်ငံ၌ နိုင်ငံခြားသား သီးသန့်လာရောက် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၆ ခုနှစ် နှစ်လအတွင်း Oil and Gas ကဏ္ဍတွင် စီမံကိန်း ၁၅၁ ခုမှ အမေရိကန်ဒေါ်လာ ၁၉၆၄၁ သန်းကျော်နှင့် စွမ်းအင်ကဏ္ဍတွင် စီမံကိန်းကိုးခုမှ အမေရိကန်ဒေါ်လာ ၁၉၃၇၁ သန်းကျော်ဖြင့် ရာခိုင်နှုန်း အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။
 
ထို့ပြင် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့် ရရှိရန်အတွက် သတ်မှတ်ထားသည့် အဆိုပြုလွှာများကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိ ရသည်။

Most Read

Most Recent