ပြည်ပမှ သွင်းကုန်အုပ်စုသုံးမျိုး တင်သွင်းမှုအတွက် ဒေါ်လာ ၁၅ ဘီလျံကျော် သုံးစွဲခဲ့ပြီး ယခင်ဘဏ္ဍာနှစ် တင်သွင်းမှုထက် ဒေါ်လာ ၂၇ သန်းကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁၁ ရက်အထိ သွင်းကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၁၅၅၁၅ ဒသမ ၈၃၇ သန်းရှိခဲ့ကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ပြည်ပမှ သွင်းကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၁၅၅၄၂ ဒသမ ၈၈၂ သန်း ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၇ ဒသမ ၀၄၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို နှစ်စဉ်တင်သွင်းနေရကြောင်း သိရသည်။
အဆိုပါ သွင်းကုန်အမျိုးအစား သုံးမျိုးအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများမှာ တင်သွင်းမှု များပြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ် ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါ လစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရော်ဘာကုန် ကြမ်းပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ် စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူ များ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့် သံမဏိပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များပါဝင်ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်း ပိုက်ကွန်များ၊ မီးရထားနှင့် မီးရထားပစ္စည်း များ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော် တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန် စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ် ရေးပစ္စည်းကိရိယာများ၊ ရုပ်မြင်သံကြားစက် များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင် သောပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင် များ၊ စက်နှင့် စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ဝိုင်ယာကြိုးများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီး များ၊ မှန်ပြောင်း၊ ဓာတ်ပုံကင်မရာ၊ ရုပ်ရှင် ရိုက်ကူးစက်နှင့် ဓာတုဗေဒဆိုင်ရာ ကိရိယာများ၊ အခြားပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေပြီး ကုန်သွယ်မှု လိုငွေပြနေကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ သွင်းကုန်များ တင်သွင်းရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပမှ သွင်းကုန်အုပ်စုသုံးမျိုး တင်သွင်းမှုအတွက် ဒေါ်လာ ၁၅ ဘီလျံကျော်သုံးစွဲပြီး ယခင်ဘဏ္ဍာနှစ် တင်သွင်းမှုထက် ဒေါ်လာ ၂၇ သန်းကျော် လျော့နည်း










