ပြင်ပ ဈေးကွက်တွင် ဒေါ်လာလဲနှုန်း အကျဈေးဖြင့် တည်ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၁၂၀၉ ကျပ်ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။“ဒီနေ့ ဒေါ်လာဈေး ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ မနက် အဖွင့်ဈေးက ၁၂၀၇ ကျပ်နဲ့ ဖွင့်တယ်။ မွန်းလွဲပိုင်းမှာ ၁၂၀၉ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ ဒေါ်လာ အရောင်းအဝယ်လည်း အေးနေတယ်” ဟု နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။ပြင်ဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ် ၁၅ ရက် မွန်းလွဲပိုင်းအထိ တစ်ဒေါ်လာလျှင် ၁၂၁၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၀၇ ကျပ် ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး မတ် ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၇-၁၂၀၉ ကျပ်ဝန်းကျင်တွင် ဈေးငြိမ်နေသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ်လ ဒုတိယပတ်အတွင်း မတ် ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်မှ မတ် ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၁၃ ကျပ်ဝန်းကျင်သို့ တစ်ပတ်အတွင်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး မတ်လ တတိယပတ် မတ် ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၇ ကျပ် ဝန်းကျင်သို့ ပြန်လည် ကျဆင်းခဲ့ပြီး မတ် ၁၆ ရက်တွင် ၁၂၀၉ ကျပ်အထိ ဈေးပြန်တက်ခဲ့ကြောင်း ပြင်ပဈေးကွက်မှ သိရသည်။ဗဟိုဘဏ် အနေဖြင့် မတ်လ ဒုတိယပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်းတွင် ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းအား တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၁၂၂၃ ကျပ်မှ ၁၂၁၈ ကျပ်သို့ တစ်ပတ်အတွင်း ၅ ကျပ် လျှော့ချ သတ်မှတ်ခဲ့ပြီး မတ်လ တတိယပတ် ၁၅ ရက်နှင့် ၁၆ ရက်တွင် ဒေါ်လာသတ်မှတ်နှုန်း အပြောင်းအလဲ မရှိဘဲ တစ်ဒေါ်လာလျှင် ၁၂၁၈ ကျပ် သတ်မှတ်ထားသည်။
ပြင်ပ ဈေးကွက်တွင် ဒေါ်လာလဲနှုန်း အကျဈေးဖြင့် တည်ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၁၂၀၉ ကျပ်ဝန်းကျင် ရှိနေ










