၂၀၁၄ ခုနှစ် အတွင်းက ပညာရေး ဥပဒေအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွင် ဝန်းရံ ပါဝင်မှုဖြင့် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်နှင့် မမီးမီး (၈၈ ငြိမ်း/ပွင့်) တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် မတ် ၉ ရက်က ရုံးထုတ်ခဲ့သည်။ထိုနေ့ ရုံးချိန်းတွင် ၎င်းတို့ သုံးဦးအား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ပုဒ်မ ၁၈ နှစ်မှုဖြင့် စတင် တရားစွဲဆိုခဲ့သည်။ထို့နောက် တရားသူကြီးက ၎င်းတို့ သုံးဦးအား ပုဒ်မ ၁၈ ဖြင့် အပြစ် ရှိမရှိ မေးမြန်းရာ တရားစီရင်ရေးအား အယုံအကြည် မရှိသည့် အတွက် ပုဒ်မ ၁၈ ဖြင့် တရားစွဲထားမှုကို ရင်ဆိုင်မည် မဟုတ်ကြောင်း စွပ်စွဲခံရသူများက တရားသူကြီးကို တင်ပြခဲ့ပြီး တရားသူကြီးက အမှုအား တရားရုံး၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်။ထို့နောက် စွပ်စွဲခံရသူများထဲမှ မမီးမီး (၈၈ ငြိမ်း/ပွင့်) မှာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုကို အာမခံ မယူသဖြင့် တရားသူကြီးက အင်းစိန်ထောင်တွင် ချုပ်မိန့်ပေးခဲ့ကြောင်း သိရသည်။“နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေကို ပုဒ်မ ၁၈ နဲ့ စွဲတယ်။ သူတို့ အာမခံပေးချင်တဲ့သူ ဆိုရင် ပုဒ်မ ၁၈ နဲ့ စွဲတယ်။ အာမခံ မပေးချင်တဲ့သူ ဆိုရင် ၅၀၅ (ခ) တပ်ပြီး အာမခံ မပေးဘူး။ အခု ကျွန်မတို့ကို စွဲတဲ့ ပုဒ်မ ၁၈ ဟာ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ဒါဟာ နိုင်ငံရေးသမားတွေကို လိုသလို အသုံးချပြီး စွဲလို့ရတဲ့ နိုင်ငံရေးအရ ကစားကွက် ပြုလုပ်ပြီးတော့ ပြည်သူကို စွဲလို့ရတဲ့ ပုဒ်မတစ်ခု ဖြစ်နေတယ်။ အဲဒါကြောင့် ပုဒ်မ ၁၈ ကို ကျွန်မ အနေနဲ့ ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ တရားရုံးကို လာတယ် ဆိုတာလည်း တရားရေးကို လေးစားလို့ လာတာပါ။ ကျန်တဲ့ဟာတွေကိုတော့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး” ဟု မမီးမီး (၈၈ ငြိမ်း/ပွင့်) က မီဒီယာများအား ပြောကြားသည်။အလားတူ မနီလာသိန်း (၈၈ ငြိမ်း/ပွင့်)သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ကျောင်းသားသပိတ်စစ်ကြောင်း ထောက်ခံ ဆန္ဒပြမှုဖြင့် မရမ်းကုန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရပြီး ၎င်းမှာလည်း အာမခံ မယူသဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင်ခံထားကြောင်း သိရသည်။၂၀၁၄ ခုနှစ် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ လေးရက်တာ ပြုလုပ်ခဲ့သော ကျောင်းသားသပိတ်တွင် စံပြရုပ်ရှင်ရုံမှ စတင်ကာ မဟာဗန္ဓုလပန်းခြံ၊ ဗိုလ်အောင်ကျော်လမ်း၊ သိမ်ဖြူခုံး၊ မင်္ဂလာဈေးရှေ့မှ တစ်ဆင့် ဗိုလ်စိန်မှန်ကွင်းသို့ ဖြတ်သန်းရာတွင် ခွင့်ပြုချက် မရှိဘဲ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဖြတ်သန်းခဲ့သည်ဟု ဆိုကာ ပုဒ်မ ၁၈ ဖြင့် (ဗကသ) ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုဖြင့် ထောင်ဒဏ်များချ မှတ်ခံထားရသည့် ဦးနေမျိုးဇင်နှင့် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မမီးမီးတို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် မတ် ၉ ရက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံး၌ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပြုလုပ်ခဲ့သော ကျောင်းသားသပိတ် ထောက်ခံပွဲတွင် ပါဝင်သည်ဟုဆိုကာ ဗကသ ကျောင်းသားခေါင်းဆောင် နှစ်ဦးဖြစ်သည့် ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်။ ယင်းနေ့တွင်ပင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင်၊ တကသ ကိုဇေယျာလွင်နှင့် ဦးနေမျိုးဇင်တို့ ငါးဦးကို လေးရက်တာ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ တရားရုံး၌ ချုပ်ရက် ရမန်ယူကာ မတ် ၁၈ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်က ကျောင်းသားသပိတ်တွင် ဝန်းရံ ပါဝင်မှုဖြင့် ကိုကျော်ကိုကို၊ ဦးနေမျိုးဇင်နှင့် မမီးမီးတို့ကို ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံး၌ စတင် တရားစွဲဆိုပြီး အာမခံ မယူသဖြင့် မမီးမီး (၈၈ ငြိမ်း/ပွင့်) အား အင်းစိန်ထောင်သို့ ပို့ဆောင်















