လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီရုံး တည်ရှိသည့် မုံရွာ-ပုသိမ် လမ်းဆုံတွင် စီမံကိန်း မှ မြေယာများ သိမ်းဆည်းထားသောကြောင့် မစိုက်ပျိုးရသဖြင့် ၂၀၁၅ ခုနှစ်အတွက် သီးနှံလျှော်ကြေး ထုတ်ပေးရန် မတ်လ (၈) ရက် ညနေ (၃) နာရီခန့် မှ ညနေ (၅) နာရီအထိ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သည့် ဒေသခံအင်အား (၁၀၀) ခန့် မှ ရွာသူ ရွာသား ၃၇ ဦးကို ဆားလင်းကြီးမြို့ မြို့မရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း ဆားလင်းကြီးမြို့ မြို့မရဲစခန်းမှ သိရသည်။ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မမာချို ၊ မစန္ဒာနှင့် ရွာသူ/သား ၃၅ ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း နှင့် စုဝေခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် ဆားလင်းကြီးမြို့ မြို့မရဲစခန်းမှ (ပ) ၄၆/၂၀၁၆ ဖြင့် ရဲအုပ်ကျော်မင်းနိုင် မှ တရားလိုပြုလုပ် တိုင်တန်းထားသောကြောင့် အမှုစစ် ရဲအုပ်မျိုးညွန့်ဦးက ဖမ်းဆည်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သီးနှံလျှော်ကြေးထုတ်ပေးရန် ဆန္ဒပြသည့် ရွာသူရွာသား ၃၇ ဦးကို ပုဒ်မ (၁၈) ဖြင့် အမှုဖွင့်