သန်လျင်မြို့နယ်တွင် သုံးနှစ်အရွယ် ကလေးငယ်ကို အမျိုးသမီးတစ်ဦးက ဓားဖြင့်မွှန်းသတ်ပြီး အလောင်းအား ပီနံအိတ်ဖြင့်ထည့်ကာ စွန့်ပစ်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မတ် ၆ ရက်တွင် သတင်းရရှိသည်။မတ် ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ ၁၃၊ ရွှေညောင်ပင်လမ်းနေ မသီရိကျော်(၂၁) နှစ်သည် ယင်းမြို့နယ်ရှိ ရေသန့်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် ၎င်း၏သမီးဖြစ်သူ မခတ္တာလှိုင်(၃) နှစ်မှာ ပျောက်ဆုံးနေကြောင်း သိရသဖြင့် နေအိမ်သို့ပြန်လာပြီး မိသားစုအား မေးမြန်းခဲ့ကြောင်း သိရသည်။ထိုသို့မေးမြန်းရာ ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က တစ်ရွာတည်းနေ မလဲ့လဲ့ဝင်း (၂၁) နှစ်၏သမီးဖြစ်သူ မအေးစန္ဒာမျိုးနှင့် မခတ္တာလှိုင်(၃)နှစ်တို့မှာ ဆော့ကစားလျက်ရှိရာ အဆိုပါနေအိမ်မှ မခတ္တာလှိုင်က ဖရဲသီး ခိုးစားသည်ဟုဆိုကာ မအေးစန္ဒာမျိုးကလာ ရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။ယင်းသို့တိုင်တန်းရာ မခတ္တာလှိုင်၏အဘွားဖြစ်သူက ဖရဲသီးများအား ပြန်လည် ဝယ်ယူပေးမည်ဟုပြောဆိုကာ ပြန်လွှတ်လိုက်သော်လည်း မခတ္တာလှိုင်မှာ အချိန်အတော်ကြာသည့်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မလဲ့လဲ့ဝင်းထံသို့ သွားရောက်မေး မြန်းခဲ့ကြောင်း သိရသည်။မေးမြန်းရာ မလဲ့လဲ့ဝင်းက ၎င်း၏နေအိမ်သို့ မခတ္တာလှိုင်မှာ လာရောက်ခြင်းမရှိကြောင်းပြောဆိုသဖြင့် မခတ္တာလှိုင်၏မိခင် မသီရိကျော်က မလဲ့လဲ့ဝင်းအား မသင်္ကာသဖြင့် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။ယင်းသို့ စောင့်ကြည့်နေခဲ့ရာ မတ် ၆ ရက် သန်းခေါင်ယံအချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေချိန်၌ မလဲ့လဲ့ဝင်းက အထုပ်တစ်ထုပ်အား မချီလာသည်ကို တွေ့မြင်ခဲ့ရပြီး အိမ်ရှေ့ လမ်းမပေါ်အရောက် လျှပ်စစ်မီးများ ပြန်လာခဲ့ရာ မီးအလင်းရောင်အောက်တွင် ပတ်ဝန်းကျင်နေသူများနှင့် ဝိုင်းဝန်း၍ အဆိုပါ အထုပ်အား ဖွင့်ကြည့်ခဲ့ကြောင်း သိရသည်။ထိုသို့ဖွင့်ကြည့်ရာ အဆိုပါ ပီနံအိတ် အထုပ်ထဲတွင် ဓားဖြင့်မွှန်းထားသည့် ဝမ်းဗိုက် ဒဏ်ရာ ငါးချက်၊ လည်ပင်း ပွန်းခြစ်ဒဏ်ရာတို့ ဖြင့် သေဆုံးနေသော မခတ္တာလှိုင်ကို တွေ့ရှိ ခဲ့ရကြောင်း မသီရိကျော်၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။အဆိုပါဖြစ်စဉ်ကို သေဆုံးသူ မခတ္တာလှိုင်၏ မိခင်က သက်ဆိုင်ရာ သန်လျင်မြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၂၇၅ /၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများဖြစ်သည့် လဲ့လဲ့ဝင်းနှင့် ၎င်း၏ ခင်ပွန်း သန့်ဇင်မျိုးတို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။"ကျူးလွန်တာကတော့ အမျိုးသမီးပါ။ သူ့အမျိုးသားကတော့ ဒီကိစ္စကို ထိမ်ချန်ထားတာပေါ့။ ကျွန်တော်တို့ ကနဦး စစ်ဆေးတဲ့အခါ မှာ ကလေးလေးက သူ့ကိုဆဲလို့ ကျူးလွန်လိုက်တာလို့ ထွက်ဆိုထားပါတယ်။ လက်ရှိမှာတော့ လင်မယားနှစ်ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေဆဲပါ။ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သန်လျင်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက မတ် ၆ ရက် မွန်းလွဲပိုင်း ပြောကြားသည်။
သုံးနှစ်အရွယ် ကလေးငယ်ကို အမျိုးသမီးတစ်ဦးက ဓားဖြင့်မွှန်းသတ်ပြီး အလောင်းအား ပီနန်အိတ်ဖြင့်ထည့်၍ စွန့်ပစ်ရန်ကြံစည်မှု သန်လျင်မြို့နယ်တွင် ဖြစ်ပွား