မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ၆၁လမ်း၊ စံပြလမ်းနှင့် မင်္ဂလာလမ်းကြားရှိ ခြံတစ်ခုအတွင်း ကွန်တိန်နာပုံးပေါ်မှ စိတ်ကြွဆေးပြားများ အပါအဝင် ကာလတန်ဖိုး ကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မတ် ၅ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ရန်ကုန်နှင့် မန္တလေးမူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။WY စိတ်ကြွဆေးပြားပေါင်း ၅၅ သိန်းကျော်၊ အိုက်စ် (ရေခဲ) ၇၀ ကီလိုခန့်၊ ဘိန်းဖြူ ၁၅ ကီလို၊ ဘိန်းဆီခဲ ၁၃ ကီလို ခန့်မှန့်တန်ဖိုး ငွေကျပ် ၃၀ ဘီလီယံကျော် တန်ဖိုးသတ်မှတ်ထားပြီး ဆေးပြားများကိုမူ လတ်တလော ရေတွက်ဆဲဖြစ်ကြောင်း၊ အဆိုပါ ခြံဝင်းအတွင်း ၁၂ ဘီးယာဉ် ၁ စီး၊ ၆ဘီးယာဉ် ၁ စီးတို့ကိုလည်း တွေ့ရှိခဲ့ပြီး အဆိုပါ ကားများပေါ်တွင် အမိုနီယမ်ကလိုရိုက် ၂၀ ကီလိုရှိအိတ်ပေါင်း ၅၀ ကျော်တို့ကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသည်။“မန္တလေးတိုင်း အနေနဲ့ဆိုရင်တော့ ဒါဟာအများဆုံးပါ။ ဖမ်းမိတဲ့တလျှောက် ကွင်းဆက်တွေ ကျန်ပါသေးတယ်။ ပိုင်ရှင်က မြန်မာနိုင်ငံသား တရုတ်လူမျိုး ဖြစ်တယ်လို့ ကနဦး သိထားတယ်။ အခုဖမ်းမိတဲ့ အမျိုးသားသုံးဦးကတော့ ဒရိုင်ဘာတွေပဲလား၊ ပါဝင်ပတ်သတ်မှုရှိလား ဆိုတာကတော့ စစ်ဆေးတုန်းပါ။ ကျွန်တော်တို့ ဒီကွင်းဆက်ကို ဖမ်းမိဖို့ ကြိုးစားနေတာ ကြာပါပြီ။ ဒီနေ့မှ ရန်ကုန်ရော မန္တလေးမူးယစ်ရော ပူးပေါင်းပြီး ဖော်ထုတ်နိုင်တာပါ” ဟု အမှတ် (၃) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မြင့်အောင်က ပြောကြားသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်တွင် စိတ်ကြွဆေးပြား ၅၅ သိန်းကျော် ပါဝင်သော ကျပ် ၃၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ကွန်တိမ်နာ အတွင်းမှ ဖမ်းဆီးရမိ